fbpx

This is digital planet.

Tech NewsVivo

Vivo ရဲ့ Sub-brand အသစ်ဖြစ်လာမယ့် iQOO

Weibo မှာတင်ခဲ့တဲ့ပိုစ့်အရ Vivo အနေနဲ့ Sub-brand အသစ်တစ်ခုကိုမိတ်ဆက်ဖို့ရှိနေပြီး အဆိုပါ Sub-brand ရဲ့နာမည်ကတော့ iQOO လို့သိရပါတယ်။ Vivo အနေနဲ့လက်ရှိမှာတော့ Entry-level flagship ဖုန်းတွေကို Vivo ဆိုတဲ့ Brand နဲ့ရောင်းချနေတာဖြစ်ပြီး ဒီ Sub-brand အသစ် iQOO ဆိုတဲ့ နာမည်အောက်မှာ Premium flagship ဖုန်းတွေကိုရောင်းချဖွယ်ရှိနေပါတယ်။

မနေ့ကအစောပိုင်းမှာတင်ခဲ့ Vivo ရဲ့ Weibo အကောင့်ကနေ ” Hello , this is iQOO ” ဆိုပြီးရေးသားထားတဲ့ iQOO ရဲ့ Weibo ပိုစ့်ကို ပြန်လည်မျှဝေဖော်ပြပေးခဲ့ပါတယ်။ ဒါကြောင့် ခန့်မှန်းရသလောက်တော့ iQOO အနေနဲ့ Xiaomi ရဲ့ Redmi နဲ့ OPPO ရဲ့ Realme တို့လို Independent Brand ပုံစံမျိုးဖြစ်လာနိုင်ပါတယ်။

Screenshot_2019-02-13-12-56-02-568_com.weico.international

လက်ရှိတရုတ်ဈေးကွက်ထဲမှာ Vivo ရဲ့စမတ်ဖုန်းတွေအနေနဲ့ ဈေးနှုန်းတွေအနေနဲ့ ယွမ် ၁၀၀၀ ( ဒေါ်လာ ၁၄၇ ) ကနေ ယွမ် ၄၀၀၀ ( ဒေါ်လာ ၅၉၀ ) အတွင်းရှိနေပေမယ့် Sub-brand အသစ် iQOO brand ရဲ့ Premium Flagship တွေအနေနဲ့ကတော့ ခန့်မှန်း ယွမ် ၅၀၀၀ ( ဒေါ်လာ ၇၃၈ ) အထိရှိလာနိုင်ပါတယ်။ သို့ပေမယ့် ဒီ Brand အောက်မှာထုတ်လုပ်သွားမယ့် ဖုန်းအမျိုးအစားတွေကိုတော့ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Vivo ရဲ့ Sub-brand အသစ် iQOO ရဲ့ Website ဖြစ်တဲ့ iQOO.com ကတော့လက်ရှိအချိန်မှာ Active ဖြစ်နေပါပြီ။ Vivo အနေနဲ့လက်ရှိမှာတော့နာမည်သာထုတ်ပြန်ထားသေးပြီး အခြားအချက်အလက်တွေကိုတော့ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ iQOO ရဲ့မိတ်ဆက်ပိုစတာမှာတော့ ရုပ်ရှင်တွေထဲကလို့ခေတ်ဆန်းတဲ့ စိတ်ကူးယဉ်ပုံစံမျိုးဖြစ်ပြီး Top-notch Technology တွေလည်းပါဝင်လာဖို့ရှိနေပါတယ်။

ဒီ Brand အသစ်နဲ့ပက်သက်ပြီးတော့ Facebook , Twitter နဲ့ Instagram အပေါ်မှာရှာဖွေကြရသလောက်ကတော့ Vivo အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ဒုတိယအပတ်လောက်မှာ ဒီ Brand နဲ့ပက်သက်ပြီး အင်ဒိုနီးရှာ ကနေ အလုပ်သမားအများအပြားကိုခေါ်ယူထားတာတွေရပါတယ်။ ဒါကြောင့် iQOO နဲ့အနေနဲ့ Global Brand တစ်ခုအနေနဲ့ပွဲထွက်လာနိုင်ခြေ ရှိပါတယ်။

လက်ရှိတရုတ်မှာတော့ Huawei ရဲ့ Sub-brand က Honor , Motorola က Lenovo , ZTE က Nubia , Meizu က Charm Blue , Xiaomi က POCO , Redmi နဲ့ Black Shark စသည်ဖြင့် စမတ်ဖုန်းထုတ်လုပ်သူအများအပြားဟာ Sub-brand အများအပြားကိုပွဲထုတ်ထားပါတယ်။ Vivo အနေနဲ့လည်း လာမယ့် MWC ( 2019 ) နည်းပညာပြပွဲမှာ iQOO brand နဲ့ပက်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုကြေညာလာဖွယ်ရှိနေပါတယ်။

Source