fbpx

This is digital planet.

Tech NewsVivo

Vivo အနေနဲ့ 2020 မှာ 5G Devices ငါမျိုးကို ထုတ်လာဖို့စီစဉ်နေပြီး mid-range ဈေးကွက်ကို အာရုံစိုက်လာတော့မယ်

ဒီနေ့အစောပိုင်းမှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းပွဲတစ်ခုမှာ Vivo Communications Research Institute ရဲ့ အထွေထွေ မန်နေဂျာဖြစ်တဲ့ Qin Fei ဟာ ကုမ္ပဏီအနေနဲ့ 2020 မှာ အနည်းဆုံး 5G Devices ၅ မျိုးကို ထုတ်ဖို့ စီစဉ်နေတယ်လို့ ဆိုထားပါတယ်။ ထို Devices တွေအတွက် ဈေးနည်းဖို့ နဲ့ mid range ဈေးကွက်ကိုပိုပြီး အာရုံစိုက်ထားပါတယ်။ Qin Fei ‌အရ Vivo ရဲ့ ဗျူဟာ ဟာ 5G ဖုန်းတွေကို ၀ယ်ယူသူတွေ အနေနဲ့ ‌ရွေးစရာများလာဖို့ ပိုဈေးသက်သာအောင် အာရုံစိုက်လာမှာပါ။

Image result for iqoo 5g"

Vivo အနေနဲ့ 5G ဖုန်းထုတ်လုပ်ခြင်းရဲ့ ကုန်ကျမှုကိုလျော့ချဖို့ Qualcomm နဲ့ နီးနီးကပ်ကပ် ပြုလုပ်နေပါတယ်။ အခုလက်ရှိ Vivo ရဲ့ပန်းတိုင်ဟာ တရုတ်မှာ ဈေး $286 ရှိ 5G ဖုန်းကို ထုတ်ဖို့ပါ။ လောလောဆယ် iQOO Pro 5G ဟာ ဈေး 3698 yuan ($528) နဲ့ ဈေးအသက်သာဆုံးဖြစ်နေပါတယ်။ Vivo NEX 3 5G ကတော့ ဈေး 5698 yuan ($813) ရှိနေပါတယ်။ ဒီလို 5G Device ကို သက်သာတဲ့ဈေးနဲ့ ထုတ်လုပ်တာက သာမာန် Customer တစ်‌ယောက်အတွက် 5G ကို အလွယ်တကူ ရရှိလာနိုင်မှာပါ။

“IDC China Smartphone Market Monthly Tracking Report” ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၀၁၉ ထိ တရုတ်နိုင်ငံရဲ့ 5G ဖုန်းတင်ပို့မှုဟာ ခန့်မှန်းခြေ 485,000 units ရှိတယ်လို့သိရပါတယ်။ အဲ့ထဲမှာ Vivo ဟာ တရုတ် 5G ဖုန်းဈေးကွက်မှာ ၃ လအတွင်း 54.3% 5G ဖုန်းရောင်းချခြင်းနဲ့ ပထမဆုံး ပါ၀င်ထားပါတယ်။

Image result for vivo nex 3 5g"

Qualcomm ရဲ့ Vice president ဖြစ်သူ Taiwan နဲ့ Southeast Asia က Qualcomm ရဲ့ President လည်းဖြစ်တဲ့ Liu Sitai အဆိုအရ 2019 ဟာ 5G အတွက် ထူးကဲတဲ့ နှစ်ဖြစ်ခဲ့ပြီး ကြော်ငြာအနေနဲ့ ထင်ထားတာက တစ်နှစ်စောပြီး ထွက်လာနိုင်ပါတယ်လို့ ဆိုထားပါတယ်။ အဲ့တာက 5G ကို ဈေးသက်သက်သာသာနဲ့ ရဖို့ ကြီးမားတဲ့ခြေလှမ်း ဖြစ်လာနိုင်ပါတယ်။

Ref: Gizmochina