fbpx

This is digital planet.

Tech NewsVivo

Vivo အနေနဲ့ Samsung နဲ့ပူးပေါင်းပြီး Exynos 980 သုံးလာမယ့် Smartphone ကိုဒီနှစ်မှာမိတ်ဆက်ဖို့ရှိနေ

မနေ့ကတုန်းက Samsung ဟာ 5G ပါ၀င်ထားတဲ့ သူတို့ရဲ့ ပထမဆုံး Exynos 980 processor ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ Chipset ဟာ Flagship Chipset မဟုတ်ဘဲ Mid-range chipset ပဲဖြစ်ပါတယ်။ ဒီနေ့မှာ Vivo က ဒီနှစ်ကုန်အတွင် Chipset အသစ်သုံးလာမယ့်ဖုန်းကို မိတ်ဆက်လာမယ်လို့ ကြေညာခဲ့ပါတယ်။

Vivo မှာ Mid-range 5G smartphone ကို ဒီနှစ်အတွင်း မိတ်ဆက်ဖို့ရှိနေတဲ့အတွက် အဲ့ဖုန်းမှာ Exynos processor ကိုသုံးလာနိုင်ပါတယ်။ အဲ့တာက Samsung နဲ့ Vivo အတွက်ကြီးမားတဲ့ လှုပ်ရှားမှုလို့ ဆိုရမှာပါ။ အဲ့ဖုန်းဟာ ပထမဆုံး Qualcomm ဒါမှမဟုတ် MediaTek processor ကို အသုံးမပြုလာမယ့် ဖုန်းဖြစ်လာနိုင်ပါတယ်။

Samsung အနေနဲ့ သူတို့ရဲ့ Semi-conductor business နဲ့ ဒီနှစ်အတွင်း ကြီးမားတဲ့ တိုးတက်မှုတွေကို ပြုလုပ်နေပါတယ်။ Exynos processors တွေဟာ Samsung ရဲ့ ဖုန်းတွေမှာ အသုံးပြုရုံသာမက Motorola ရဲ့ One Action နဲ့ One Vision smartphones တွေမှာ သုံးလာပါတယ်။ အခုတော့ Vivo smartphone မှာသုံးလာဖို့ရှိနေပါတယ်။ ဒါဆိုရင် ဈေးသက်သာတဲ့ 5G ဖုန်းတွေ မြင်ရဖို့ များနေပါပြီ။

Ref: Gizmochina