This is digital planet.

VivoTech News

Gimbal System ကင်မရာသုံးထားတဲ့ X50 Series ကို Vivo ကြေညာလိုက်ပြီ

Vivo ထုတ်ကုန်တွေကို များသောအားဖြင့် Mid-Range (သို့) Budget Performance နွယ်တဲ့ ဖုန်းတွေအဖြစ် မြင်ရလေ့ရှိတာပါ။ တချို့သော High-end ဖက်နွယ်တဲ့ အမျိုးစားတွေ ရှိပေမယ့် Generation တစ်ခုမှာ Flagship အလုံးပါဝင်လာတာ ရှားပါတယ်။

Vivo X50 Series

Image: The Verge

အခု ကြေညာလိုက်တဲ့ Lineup မှာ X50 Pro+ ၊ X50 Pro နဲ့ X50 သုံးမျိုးသုံးစား ပါရှိမှာဖြစ်ပြီး Snapdragon 865 SoC နဲ့ 765G သုံးထားတဲ့ အဖြစ် ကွဲပြားသွားမှာပါ။ Pro နဲ့ သာမန်မော်ဒယ်မှာ 765G နဲ့ ပွဲထုတ်မှာ ဖြစ်ပေမယ့် X50 ၃ မျိုးလုံး 5G နည်းပညာ ပါဝင်ပြီးသား ဖြစ်နေမှာပါ။

X50 Series

ဒီအချက်ဟာ Vivo ဖုန်းစီးရီးရဲ့ အထူးခြားဆုံးဖြစ်သလို နောက်အားသာချက်က Camera Stabilization စနစ်ပါ။

Vivo ကတော့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ X50 Primary ကင်မရာကို Chameleon အခေါ် ပုတ်သင်ညို သတ္တဝါရဲ့ မျက်လုံးလို ရွေ့လျားနိုင်တဲ့ Sensor (သို့) Camera Gimbal တပ်သုံးတဲ့ အနေထားနဲ့ နှိုင်းယှဥ်ထားပါတယ်။

အဆိုပါ ကင်မရာ လုပ်ဆောင်ချက်ကို Apex 2020 Concept နဲ့ ပြသခဲ့ဖူးပေမယ့် COVID-19 ကူးစက် ရောဂါကြောင့် ပေါ်မလာခဲ့သလို X50 Seriesနဲ့ Commercial Class အဖြစ် ထုတ်လိုက်ဟန် တူပါတယ်။

Vivo X50 Series

Image: The Verge

Gimbal System Cameras

ဒါကြောင့် Vivo ရဲ့ Primary Focus က Camera ပိုင်း ဖြစ်လာသလို Gimbal System လုပ်ဆောင်ချက်က Lens ရွေ့လျားနေမှုကို On-screen Radar နဲ့ ဖော်ပြဟန်ရှိပြီး Stable ဖြစ်တဲ့ ရိုက်ချက်ကို ဖမ်းယူစေမယ့် သဘောတရားလို့ ဆိုထားပါတယ်။

ခေတ်ကာလ အားလျော်စွာ EIS (Electronic Image Stabilization) ၊ OIS (Optical Image Stabilization) နည်းပညာ သုံးလာတဲ့အချိန် တည်ငြိမ်ရွေ့လျားနေတဲ့ စမတ်ဖုန်း ရိုက်ချက်တွေ ရေပန်းစားလာတာပါ။

Pro and Pro+

Pro+ မှာ Samsung ရဲ့ အသစ်စက်စက် 50MP ISOCELL GN1 Sensor သုံးထားပြီး Pro နဲ့ Pro+ အလုံးမှာ Periscope Telephoto Lens တစ်လုံး ပါဝင်ဦးမှာပါ။ Entry Level ဖြစ်တဲ့ X50 မှာတော့ အဆိုပါ Periscope Lens ပါဝင်ခြင်း မရှိပါဘူး။

ဒုတိယ အဆင့်အနေနဲ့ Pro+ မှာ 120Hz Refresh Rate ပါဝင်တဲ့ Display တပ်ဆင်ထားမှာဖြစ်ပြီး HDR10+ Support ပါဝင်မယ်လို့ သိထားရပါတယ်။ Pro နဲ့ သာမန်အလုံးမှာ 6.56” အရွယ်စားရှိ AMOLED Display သုံးထားမှာဖြစ်ပြီး Pro ကို Curved-edge နဲ့အတူ In-display Fingerprint Sensor လည်း ပါဝင်မှာပါ။

Vivo X50 Series

Image: GSMArena

Specification အကြောင်း ချရေးနေရင် ရှည်လျားထွေပြား နေမှာဖြစ်တဲ့အတွက် Table နဲ့ မြင်သာအောင် ဖော်ပြလိုက်ပါတယ်။

X50 X50 Pro X50 Pro+
Display AMOLED 6.56″ (1,080 x 2,376) 92.8″ Ratio
Panel Quality HDR10+ Support
Processor 765G 865
GPU Adreno 620 Adreno 650
RAM 8GB/12GB for Pro+
Storage 128GB/256GB
Battery (mAh) 4,200 (33W) 4,315 4,315 – (44W)
Back Cameras 48MP Primary
13MP Portrait
8MP Ultra-wide
5MP Macro
48MP f/1.6
13MP f/2.46
8MP Tele f/3.4
8MP Macro
50MP 1/1.3″
13MP f/2.46
8MP Tele f/3.4
8MP Macro
Selife 32MP f/2.45

ဒါကတော့ သိထားရသမျှ X50 Series အချက်လက်တွေပါ။ ရောင်းချသွားမယ့် စျေးနှုန်းနဲ့ အချိန်ကို Vivo ကနေ ကြေညာသွားမှာ ဖြစ်လို့ X50 စီးရီးကို ဘယ်လိုမြင်လဲ?

Source: The VergeGadgets 360