fbpx

This is digital planet.

Tech News

Vivo iQOO ရဲ့ပထမဆုံးထွက်ရှိမယ့်ဖုန်းက Foldable Device လား?

ယခုအပတ်အစောပိုင်းက Vivo မှ iQOO လို့ခေါ်တဲ့ Sub-brand တစ်ခုကိုမိတ်ဆက်ပေးတာမှတ်မိပါအုန်းမယ်ထင်ပါတယ်။ ဒီ brand အသစ်အနေနဲ့ ခေတ်ရှေ့ပြေးတဲ့ features တွေပါဝင်တဲ့ premium ဖုန်းတွေကိုမိတ်ဆက်ပေးမှာလို့ထင်ရပါတယ်။ အခုအသစ်ထွက်ရှိလာမဲ့ iQOO ရဲ့ဖုန်းအနေနဲ့ ယွမ် ၅၀၀၀ (ဒေါ်လာ ၇၃၉ / ၁၀သိန်းကျော်နီးပါး) လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ အခုအချိန်မှာတော့ တရုတ်မှာရှိတဲ့ leakster တစ်ဦးက iQOO ရဲ့ပထမဆုံးထွက်ရှိမဲ့ဖုန်းက Foldable ဖုန်းဖြစ်တယ်လို့ဆိုပါတယ်။

Feb.20 ရက်နေ့မှာတော့ Samsung အနေနဲ့ ပထမဆုံး Foldable ဖုန်းကိုမိတ်ဆက်ပေးတော့မှာဖြစ်ပြီး နောက်ဆုံးကြားသိရတဲ့ကောလဟလအရ ဒီဖုန်းရဲ့ နာမည်ကို Samsung Galaxy Winner လို့လည်းပေးထားတယ်လို့သိရပါတယ်။ Samsung ရဲ့ Foldable ဖုန်း နဲ့ အခု iQOO ရဲ့ Foldable ဖုန်းတို့ဟာ စာအုပ်ပုံစံမျိုးဖြစ်ပြီး အတွင်းနဲ့အပြင်ခေါက် fold-in နဲ့ fold-out design ကွာခြားပါတယ်။ iQOO ရဲ့ Foldable ဖုန်းမှာတော့ fold-out design ကိုသုံးလာဖွယ်ရှိတယ်လို့ယူဆရပါတယ်။ Leak ပုံတွေမှာတော့ edge-to-edge display ကိုသုံးထားပြီး Vivo အနေနဲ့ ဒီ Foldable ဖုန်းနဲ့ပက်သက်ပြီး အတည်ပြုထားတော့မရှိပါဘူး။

ပြီးခဲ့တဲ့လက Vivo အနေနဲ့ 12GB RAM, Snapdragon 855 အပြင် အပေါက်မပါ, Full-screen In-display fingerprint scanner, Screen-cast technology စတဲ့ ခေတ်ရှေ့ပြေးနေတဲ့လုပ်ဆောင်ချက်တစ်ချို့ပါဝင်တဲ့ Vivo APEX 2019 concept ဖုန်းကိုလည်းမိတ်ဆက်ပေးခဲ့ပါတယ်။ ကောလာဟလတွေအရ ဒီဖုန်းဟာ ဈေးကွက်အရ အခြားမတူညီတဲ့ပုံစံနဲ့ထပ်ထွက်လာနိုင်တယ်လို့လည်းဆိုပါတယ်။

Source