This is digital planet.

VivoTech News

မတ်လ ၃၁ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Vivo S6

2020 နှစ်ဆန်းပိုင်းက စမတ်ဖုန်းရာသီ ဖြစ်ပေမယ့် သိတဲ့အတိုင်း COVID-19 မွေနေတယ်။ ကမ္ဘာ့ကပ်ရောဂါဖြစ်နေတဲ့အတွက် Major Event တွေ မကျင်းပတော့သလို အပြိုင်အဆိုင် ထုတ်ကြွားဖို့ ပြင်နေကြတဲ့ စမတ်ဖုန်းတွေကို အွန်လိုင်းကနေပဲ မိတ်ဆက်လာကြတယ်။

ခုလည်း S6 (5G) မိတ်ဆက်မယ်လို့ သိနေရပြီး Snapdragon ဒါမှမဟုတ် Exynos သုံးလာမယ့် Mid-range ဖုန်းလို့ ပြောနိုင်ပါတယ်။

Vivo V1963A

အရင်တခါ ဖော်ပြဖူးတဲ့ ဆောင်းပါးမှာလိုပဲ V1963A နာမည်နဲ့ Geekbench မှာ ပေါက်ကြားဖူးတဲ့ စမတ်ဖုန်းဟာ S6 ဖြစ်မယ်။ 6GB RAM အသုံးပြုထားပြီး Benchmark Listing အရ Reno 3 Pro 5G အောက်မှာ ရှိနေတယ်။

Vivo V1963A Geekbench

Vivo X30 နဲ့ X30 Pro တုန်းကလည်း Snapdragon 765G ၊ Exynos 980 SoC နဲ့ ကြေညာခဲ့တာကြောင့် S6 5G မှာ ပါဝင်လာမယ်လို့ သေချာသလောက် ရှိနေပါပြီ။

Mid-range Smartphone with 5G

ဒီဇိုင်းအသွင်ပြင်က S5 နဲ့ ခပ်ဆင်ဆင် ဆိုပေမယ့် Dual LED Flash ၂ လုံးက သိသာနေတယ်။ကွဲထွက်နေတယ်လို့ ပြောလို့ရတဲ့ အကြောင်းပြချက်က S6 မှာ Oreo Quad Camera Design အသုံးပြုလာမှာဖြစ်ပြီး မြင်ရတဲ့အတိုင်း စက်ဝိုင်းပုံစံနဲ့ ဖြစ်သွားမယ်။ ကြော်ငြာတဲ့အထဲမှာတော့ Ultra-thin လို့ ပြောထားတဲ့အတိုင်း ကိုယ်ထည်လုံးပတ် အနေထား ပိုသေးလာမယ် ထင်ပါတယ်။

Vivo S6 5G Promo Video

Image: Gizmochina

ခါတိုင်း Vivo ဖုန်းတွေက Gradient Essence နဲ့ ကြည့်ကောင်းတယ်ဆိုပေမယ့် ထူပြီးလေးတယ်ဆိုတဲ့ ခံစားချက်မျိုးရတယ်။ စမတ်ဖုန်း Size နဲ့ ယှဥ်ကြည့်ရင် ပွယောင်းယောင်းဖြစ်တဲ့ Feedback မျိုးပေးတဲ့အတွက် S6 မှာ Design Language ပြောင်းထားမယ် ထင်ပါတယ်။

New Ultra-thin Design

အခုလို ဒီဇိုင်းပြောင်းသွားမယ် ဆိုပေမယ့် Signature လို့ ပြောနိုင်တဲ့ ကျောဘက် 3D Curved ကိုတော့ Omit မလုပ်သေးပါဘူး။ အရင်တစ်ပတ်တုန်းက Weibo မှာ Leak ခဲ့တဲ့ ဖုန်းမျက်နှာပြင်အရဆိုရင် S6 မှာ Dual-punch Hole ပါလာမယ်။

Vivo S6 5G

Image: GSMArena

အဲ့တော့ Dual Selfie Camera သုံးလာမယ်လို့ ခန့်မှန်းရပြီး လက်ရှိထွက်ထားတဲ့ Reno 3 Series ၊ Xiaomi K30 တို့နဲ့ Counterpart ဒီဇိုင်းလို့ သုံးသပ်ရပါတယ်။ ကင်မရာပိုင်းနဲ့ ပတ်သက်လို့ကတော့ များများစားစား သိထားရတာ မရှိသေးပါဘူး။

Dual Selfie

48MP Shooter ပါမယ်လို့ပဲ သိထားရသေးသလို Selfie Lens အတွက် S5 တုန်းက 32MP Primary Lens ဆက်သုံးဖို့ရှိနေပြီး ကောလာဟာအရ Depth Sensor နဲ့ တွဲထားမယ်လို့ ဆိုထားပါတယ်။ ကျနော်ကတော့ Ultra-wide Lens ဖြစ်မယ်လို့ ထင်ပါတယ်။

Vivo S6 5G

Image: Technoclast

ခန့်မှန်းရသလောက် S6 မှာလည်း AMOLED Display နဲ့ ထွက်ရှိလာပြီး In-display Fingerprint Sensor ပါလာမယ်။ ကျွမ်းကျင်သူတွေအဆိုရ Snapdragon 765 ဒါမှမဟုတ် Exynos 980 SoC သုံးထားမယ်၊ ဒီနေရာမှာ Gaming ဆိုတာထက် 5G နွယ်ထားတဲ့အတွက် 5G Chip လို့ ခန့်မှန်းထားကြတာပါ။

Vivo S6 5G

၂ မျိုးလုံးက Mid-range ဖုန်းတွေအတွက် ထုတ်ထားတဲ့ SoC တွေ ဖြစ်ကြသလို 18W Fast Charger ပါဝင်လာမယ်လို့ သိရပါတယ်။ S5 မှာတုန်းက 22.5W Fast Charging အထိ ထောက်ပံ့ခဲ့တဲ့အတွက် မော်ဒယ်အသစ်မှာလည်း မပြောင်းလဲဘူးလို့ သုံးသပ်ရတယ်။

ရောင်းချမယ့်စျေးနှုန်း မသိရသေးပေမယ့် Pre-order လက်ခံ နေပြီလို့ သတင်းထွက်နေပါတယ်။ အနက်နဲ့ နက်ပြာရောင် ၂ မျိုး ထွက်ရှိလာမယ့် Vivo S6 ကို ကျနော်တို့ဆီမှာ ရောင်းချသွားမလား? ဘာအစီစဥ်ရှိမလဲဆိုတာကိုတော့ နားစွင့်ပေးပါဦး။

Source: GSMArenaGizmoChina