fbpx

This is digital planet.

Tech NewsVivo

Vivo NEX 3 နဲ့ပတ်သတ်ပြီး Screen Glass Panel leak လာ…

Vivo ရဲ့ Flagship ဖုန်းဖြစ်တဲ့ NEX Series နဲ့ပက်သက်ပြီး လွန်ခဲ့တဲ့ရက်က 44W Charger ပါဝင်မယ်လို့ Leak ခဲ့ပြီး နောက်ထပ် Glass Panel Leak လာခဲ့ပါတယ်။ Ice Universe ရဲ့ Tweet အရ Nex 2 လို့ခေါ်မယ့်အစား NEX 3 လို့်ပဲခေါ်မယ်လို့ပြောထားပါတယ်။ Vivo NEX Dual Display ထွက်ထားတဲ့အတွက်ကြောင့် Nex 3 လို့ပေးလိုက်တာနေမှာပါ။

ပုံထဲမှာရှိတဲ့ ပုံစံအရဆို Curve က အကြီးဆုံး Curve ဖြစ်လာနိုင်ပါတယ်။ အဲ့လို Curve အရမ်းကြီးသွားတဲ့အတွက်ကြောင့် ဘေး Bezels တွေဆိုတာမမြင်ရသလောက်ရှိသွားမှာပါ။ လက်ရှိမှာတော့ 90 Degree ထိ ချိုးထားတဲ့ Screen Curve တွေအသုံးပြုနိုင်မည့် ဖုန်းတွေကတော့ Huawei 30 Series နဲ့ Vivo NEX 3 တို့ဖြစ်ဖို့များနေပါတယ်။ ထွက်လာတဲ့အခါ ဘေးဘောင်တွေ ဘယ်လောက် ပါးသွားမလဲဆိုတာ စောင့်ကြည့်ရမယ်။

Leakster ပြောပုံအရ Front-facing camera နဲ့ တစ်ခြား sensors တွေအတွက် Notch တွေ အပေါက်တွေမပါတော့ပါဘူးတဲ့။ Under Display Camera နဲ့ထွက်လာနိုင်မလားဆိုတာတော့ ပြောလို့မရပါဘူး ဘာဖြစ်လို့လဲဆိုတော့ Vivo က in display fingerprint ကိုတောင် သူက စလုပ်ခဲ့တာဆိုတော့။ ဖုန်းရှေ့ဘက် အပေါ် နဲ့ အောက် bottom တွေရဲ့ Bezel ကတော်တော်လေး သေးသွားနိုင်ပါတယ်လို့လည်း သတင်းတွေကြားနေရတယ်။ အခုတလော NEX 3 နဲ့ပတ်သတ်ပြီး Leaks တွေက အရှိန်အဟုန်တက်နေတာမလို့ မကြာခင်မှာ ထွက်ရှိလာနိုင်ပြီး Handset ရဲ့ပုံတွေကိုတွေ့ရနိုင်ပါတယ်။ အဲ့ဖုန်းဟာ Vivo အတွက် အထင်ကြီးစရာဖုန်းဖြစ်လာမှာကတော့ သေချာနေပါတယ်။

Ref: GSMArena