fbpx

This is digital planet.

LenovoTech News

Water-drop Notch နဲ့ထွက်လာသော Lenovo Z5s

In-screen camera ဆိုပြီးဘာညာထွက်ခဲ့တဲ့ Lenovo ရဲ့ Z5s ကတော့ အခုတရားဝင်ထွက်ရှိလာခဲ့ပါတယ်။ ဒီ စမတ်ဖုန်းကတော့ Water-drop notch, Powerful Chipset နဲ့ Triple Rear cameras တို့နဲ့ပွဲထွက်လာခဲ့ကာ ဈေးနှုန်းအနေနဲ့တော့ တော်တော်လေးကို မိုက်တဲ့ ယွမ် ၁၃၉၈ (ဒေါ်လာ ၂၀၂ မြန်မာငွေ ၃ သိန်း ၂ သောင်း) လောက်ပဲရှိပါတယ်။ Lenovo အနေနဲ့ ဆက်လက်ပြီး Snapdragon 855 Edition Lenovo Z5 Pro ကိုလည်း စတင်မိတ်ဆက်ပေးခဲ့ကာ ကမ္ဘာ ပထမဆုံး 12GB RAM လည်းပါဝင်ပါတယ်။

Lenovo Z5s Specifications and Features

Lenovo Z5s မှာတော့ 6000-series Aluminum Frame နဲ့ Corning Gorilla Glass နဲ့ ကျောဘက်ကို ဖုံးအုပ်ပေးထားပါတယ်။အလျား 156.7 x 74.5 x 7.85 mm နဲ့ အလေးချိန် 172 g ရှိပါတယ်.ကျောဘက် မှာ တပ်ဆင်ထားတဲ့ ဖုန်းရဲ့ ကင်မရာ ဒီဇိုင်းဟာ Huawei P20 Pro ရဲ့ ကင်မရာ ဒီဇိုင်း နဲ့ဆင်တူပါတယ်။ Fingerprint Scanner ကိုလည်း ကျောဘက်မှာပဲတပ်ဆင်ပေးထားပါတယ်။

Display ကိုတော့ Full HD+ Resolution 2340 x 1080 pixels ကိုသုံးထားပြီး aspect ratio 19.5:9 ရှိပါတယ်။ water-drop notch ကိုအသုံးပြုထားပြီး Screen-to-body ratio 92.6% ရှိပါတယ်။

Snapdragon 710 chipset အသုံးပြုထားပြီး 4GB/6GB RAM ပါဝင်ကာ Storage 64GB နဲ့ 128 GB ဆိုပြီးရှိပါတယ်။ MicroSD လည်းပါဝင်ပါတယ်။ ဘက်ထရီ 3300 mAh ပါဝင်ကာ 15W Type-C စနစ်လည်းထောက်ပံ့ပေးထားပါတယ်။ Andriod 9 Pie ကိုအခြေပြုထားတဲ့ ZUI 10 UI နဲ့မောင်းနှင်ထားပါတယ်။

ကင်မရာ ပိုင်း အနေနဲ့ 16MP (f/1.8) Main Sensor + 8MP (f/2.4) autofocus + 5MP (f/2.4) တို့ကိုထည့်သွင်းပေးထားပြီး Dual-LED flash , 2x optical zoom , PDAF နဲ့ 4K video shooting တို့လည်းထောက်ပံ့ပေးထားပါတယ်။ ရှေ့ဘက်မှာတော့ f/2.0 16MP ကင်မရာကိုတပ်ဆင်ထားပါတယ်။ 3.5mm audio jack ပေါက်တို့လည်း ပါဝင်ပါတယ်။

Lenovo Z5s Pricing and Availability

4GB RAM + 64 GB storage ကို ယွမ် ၁၃၉၈ (ဒေါ်လာ ၂၀၂ – မြန်မာငွေ ၃ သိန်း ၂ သောင်းနီးပါး)6GB RAM + 64 GB storage ကို ယွမ် ၁၅၉၈ (ဒေါ်လာ ၂၃၂ – မြန်မာငွေ ၃ သိန်း ၇ သောင်း နီးပါး)6GB RAM + 128 GB storage ကို ယွမ် ၁၈၉၈ (ဒေါ်လာ ၂၇၅ – မြန်မာငွေ ၄ သိန်း ၄ သောင်း နီးပါး) အသီးသီးရှိပါတယ်။
Lenovo Z5s ကိုတော့ Starry Night Black , Love Orange နဲ့ Titanium Blue စတဲ့ အရောင်တွေနဲ့ထွက်ရှိလာတာဖြစ်ပြီး Lenovo Z5s Zhu Yilong Custom Edition ဆိုပြီး Version အသစ်လည်းထွက်ရှိမှာဖြစ်ကာ 6GB RAM နဲ့ 128 GB storage ပါဝင်မှာဖြစ်ပါတယ်။ ဒီ version ကိုတော့ အလုံးအရေ ၄၁၆၀ သာ အကန့်အသတ် နဲ့ရောင်းချမှာဖြစ်ပါတယ်။ Lenovo Z5s ကိုတော့ ဒီဇင်ဘာ ၂၄ ရက်နေ့မှစတင်ရောင်းချမှာဖြစ်ပါတယ်။

Source