fbpx

This is digital planet.

Tech NewsXiaomi

Water-Drop Notch နဲ့ Bezel-Less Display ပါဝင်တဲ့ Mi 9 ရဲ့ ခန့်မှန်းပုံရိပ်များထွက်ရှိလာ

[Unicode]

Redmi Note 7 ထွက်ရှိပြီးတဲ့နောက်မှာ User တွေအနေနဲ့ Xiaomi ရဲ့ အသစ်ထွက်ရှိမယ့် Flagship Model အပေါ်စိတ်ဝင်စားမှုဟာလည်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာကနေ အခုအချိန်မှာတော့ Mi 9 ရဲ့ ခန့်မှန်းပုံရိပ်တွေနဲ့အတူ ပါဝင်မယ့် Specification တစ်ချို့အကြောင်း Online ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Xiaomi Mi 9

Leaked Photo တွေအရ Mi 9 မှာ Water-drop Notch Design ကို သုံးလာနိုင်ပြီး အရင် Model ထက် ပိုမိုပါးလွှာတဲ့ ဘေးဘောင်တွေနဲ့အတူ Screen-to-body Ratio လည်း ပိုမြင့်လာနိုင်မယ်လို့ ယူဆရပါတယ်။ အရင်ကထွက်ခဲ့တဲ့ Leak အရ 6.4-inch, 19.5:9 Ratio Display ကို 2K Resolution နဲ့ ပွဲထွက်လာနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ကျောဘက်မှာတော့ ကင်မရာ ၃ လုံးကို မြင်တွေ့ရပြီး Sony IMX 586 sensor, 48MP နဲ့ Primary Camera အပြင် 18MP Secondary Camera နဲ့ 8MP Tertiary Camera တို့လည်း ပါဝင်လာဖွယ်ရှိပါတယ်။ Telephoto, Ultra-wide Angle နဲ့ TOF 3D Camera စတဲ့နည်းပညာတွေထဲက ဘယ်နှစ်ခုကို ရွေးချယ်မလဲဆိုတာတော့ ပြောပြထားခြင်း မရှိပါဘူး။

Xiaomi Mi 9 Render

Fingerprint sensor အနေနဲ့ကျောဘက်မှာမပါဝင်တာကိုမြင်တွေ့ရပုံထောက်ရင် Mi 9 မှာ In-Display Fingerprint Scanner ကိုသုံးလာမယ်လို့ယူဆရပြီး Xiaomi အနေနဲ့ Fingerprint Technology အသစ်ကိုပါ တစ်ခါတည်းမိတ်ဆက်သွားနိုင်ခြေ ရှိနေပါတယ်။ ဒါ့အပြင် 3D Face Unlock ကိုလည်းထောက်ပံ့ပေးဦးမှာပါ။

Chipset ပိုင်းကိုတော့ Qualcomm ရဲ့ Snapdragon 855 octa-core 7nm chipset ကိုသုံးလာနိုင်ပြီး 5G connectivity ပိုင်းအတွက် X50 LTE modem ပါဝင်မှာမဟုတ်ဘူးလို့အတည်ပြုထားပါတယ်။

Mi 9 မှာမျှော်လင့်ရသလောက်ကတော့ RAM 10GB နဲ့ 512GB Internal Storage ထိ အများဆုံးထုတ်လုပ်လာနိုင်ပါတယ်။ 32W fast charging technology ထောက်ပံ့ပေးထားမယ့် 3500 mAh Battery လည်းပါဝင်မှာဖြစ်ပြီး Wireless Charging ကိုတော့ ထာက်ပံ့ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။

Xiaomi Mi 9 ရဲ့ ခန့်မှန်းဈေးအနေနဲ့ ယွမ်6/128 GB ကို တရုတ်ငွေ၂၉၉၉ ယွမ် (၄၃၆ ဒေါ်လာ / မြန်မာငွေ ၆ သိန်း ၈ သောင်း)ဝန်းကျင် ကျသင့်နိုင်ပါတယ်။ လက်ရှိမှာတော့ Xiaomi အနေနဲ့ Mi 9 ရဲ့ Launch Date ကိုမကြေညာသေးပေးမယ့် March ဒါမှမဟုတ် MWC 2019 မှာမိတ်ဆက်နိုင်ခြေ ရှိနေပါတယ်။

[Zawgyi]


Xiaomi Mi 9



Xiaomi Mi 9 Render





Source