fbpx

This is digital planet.

Tech NewsZTE

Wearable Smartphone နဲ့အတူ MWC ကို ချီတက်လာမယ့် ZTE

Flexible Smartphone တွေနဲ့ပတ်သက်ပြီး ZTE ရဲ့ချဉ်းကပ်မှုဟာ တစ်မျိုးဆန်းတယ်ဆိုရမှာပါ။ တခြား Company တွေက Tablet အရွယ်အစား Screen Size ကို ခေါက်နိုင်၊ ဖြန့်နိုင်ဖို့ကြိုးစားချိန်မှာ ZTE ကတော့ သူတို့ရဲ့ Device ကို ဖုန်းအရွယ်အစားကနေ လက်မှာပတ်လို့ရတဲ့အခြေအနေဖြစ်အောင် ခေါက်နိုင်ဖို့ကြိုးစားလာပါတယ်။

ထွက်ရှိထားသမျှ Teaser တွေအရ Nubia Alpha လို့ အမည်ပေးထားတဲ့ ဒီဖုန်းရဲ့ Design ဟာ ခပ်ရှည်ရှည်ဆန်ပြီး အလယ်နားလောက်ကနေ လက်ကောက်ဝတ်ပေါ်မှာ ခေါက်ချိုးပတ်နိုင်မယ်လို့ ယူဆရတဲ့ ပုံစံမျိုးပါ။ ပုံအရတော့ အပေါ်၊ အောက် Bezel တွေဟာ ဒီဘက်ခေတ်ဖုန်းတွေနဲ့ယှဉ်ရင် အတော်လေးထူတာ မြင်တွေ့ရတယ်။

တကယ်တော့ ZTE ဟာ Flexible Wearable Smartphone တွေထုတ်ဖို့ကြိုးစားတဲ့ Smartphone Company တော့ မဟုတ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ 2014 လောက်ကတည်းက Arubixs လို့ခေါ်တဲ့ Company ကနေ Portal လို့ အမည်ပေးထားတဲ့ Flexible Wearable Phone တွေကို ထုတ်လုပ်ခဲ့ပေမယ့် သူ့ရဲ့ Design ကတော့ Phablet ကြီးကို လက်မှာကြိုးနဲ့ပတ်ထားတဲ့ပုံစံနဲ့ ပိုတူနေပါတယ်။ ဒီကြားထဲမှာ Blu ကနေလည်း Wearable Smartphone ဖန်တီးဖို့ကြိုးစားသွားပေမယ့် မအောင်မြင်ခဲ့ပြန်ပါဘူး။

ဒီတော့ နည်းပညာတွေလည်း ခေတ်မှီလာပြီဖြစ်တဲ့ ဒီဘက်ခေတ်မှာ အတော့်ကိုကွေးနိုင်၊ ဆန့်နိုင်နေပြီဖြစ်တဲ့ OLED Display တွေရဲ့အကူအညီနဲ့အတူ ZTE ရဲ့ Nubia Alpha ဟာ User Friendly ပိုဖြစ်တဲ့ Wearable Smartphone တစ်လုံး ဖြစ်လာနိုင်ပါတယ်။ မနက်ဖြန် MWC မှာ မိတ်ဆက်ပေးမယ့် ဒီဖုန်းက ZTE ရဲ့ Innovation Limit နဲ့ Brand Image ကို ဘယ်လောက်အထိ ဆွဲတင်ပေးသွားမလဲဆိုတာကိုတော့ ကျွန်တော်တို့ အတူတူစောင့်ကြည့်အားပေးကြတာပေါ့။

Ref: Gsmarena