fbpx

This is digital planet.

Articles

Mini LED ဆိုတာဘာလဲ?

Display နည်းပညာတွေထဲ အကောင်းဆုံးကို ပြောပါဆိုရင် OLED လို့ပဲ ညွှန်းရမှာပါ။ Infinity Contrast ၊ Perfect Black အားသာချက်မျိုးကို LCD ၊ LED Display မှာ မတွေ့ရသလို နောက်ဆုံးပေါ် နည်းပညာတစ်ခုဖြစ်တဲ့ Q-LED (Quantum-Dot Display by Samsung) တောင် OLED လောက် မကောင်းသေးပါဘူး။

စျေးကွက်ထဲမှာ ရောင်းချနေတဲ့ Panel Type တွေပြောရရင် TN (Twisted Nematic) ၊ TFT (Thin-Film Transistor) နဲ့ IPS (In-plane Switching – Compare: Samsung PLS (Plane Line Switching Display) ဆိုပြီး အမျိုးစား ကွဲနေပြန်ပါတယ်။

IPS vs OLED

IPS vs OLED (Image Credit: NXUpdate

ဒီလိုပဲ LED နည်းပညာထဲမှာလည်း Q-LED ၊ Mini LED နဲ့ Micro LED ဆိုပြီး မူကွဲ နေပါသေးတယ်။ ဒီမှာတင် ဇဝေဇဝါဖြစ်သွားနိုင်တဲ့အတွက် Panel တွေနဲ့ LCD ၊ LED တွေ အကြောင်းကို သီးသန့်ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြသွားပါမယ်။

ကျွန်တော် ပြောသွားမယ့် အကြောင်းရာကိုတော့ LED Display မှာ အသုံးပြုတဲ့ Back-lighting  နဲ့ပဲ သက်ဆိုင်တယ်လို့ပဲ သိထားလိုက်ပါ။ ပြောနေရင်းနဲ့ လည်နေမှာစိုးတဲ့အတွက် မေတ္တာရပ်ခံတာပါ။

Mini LED ပေါ်လာရတဲ့ အကြောင်းရင်းကို အတိုပြောရင်တော့ တောင်ပလွန်းတဲ့ အရောင်နဲ့ အဖြူကို ဖော်ပြရမယ်ဆိုရင်တော့ OLED တွေဟာ ပါဝါပိုကြိတ်ပါတယ်။
ဒီအချက်ကပဲ အရောင်မညီမျှမှု ဖြစ်ပေါ်စေပြီး အလင်း အတိုး ၊ အလျှော့လုပ်တဲ့အခါ Color ပြောင်းလဲမှုတွေ ရှိလာပါတယ်။

ROG Scar II

ROG Scar II (Image: Techspot)

နောက်တစ်ချက်က OLED မှာ Pixel တစ်ခုချင်းစီ အလင်း အတိုး၊ အလျှော့လုပ်နိုင်တဲ့ Organic Backlight Layer ရှိပါတယ်။ LED နဲ့ ယှဥ်ပြောရင်တော့ OLED မှာ သီးသန့် အလင်းလွတ်အလွှာ မပါပါဘူး။

LCD နဲ့ LED Display တွေမှာ အလင်းလွတ်အလွှာ Backlight Layer တစ်ခု ပါဝင်လေ့ရှိပြီး အဲ့ကောင်ကို သပ်သပ်ပါဝါ ကျွေးရပါတယ်။ ဒါကြောင့် စွမ်းအင် ချွေတာမှုအပိုင်းမှာ ညံ့ဖျင်းပြီး ကွန်ပျူတာ နဲ့ TV ဘယ် Device မှာမဆို ပါဝါအစားဆုံးက Display ပါပဲ။

Under Display FP Reader

Image: Guiding Tech

Backlight Layer ခံနေတဲ့အတွက် စမတ်ဖုန်းတွေမှာ Structure Light ဒါမှမဟုတ် အလင်းရောင်ကို အသုံးပြုပြီး Biometric Data ကို Scan ဖတ်နိုင်မယ့် In-display Fingerprint Scanner တွေကို အသုံးမပြုနိုင်ပါဘူး။

အဲ့ဒါကြောင့် LED Display တွေမှာ Active Matrix Light Emitting Diode နည်းပညာ အသုံးပြုဖို့ ၂၀၁၉ ကတည်းက လေ့လာနေခဲ့ပြီး CES 2020 မှာ  ထုတ်ကုန်ပစ္စည်းတချို့နဲ့ ပြသခဲ့ပါတယ်။

Mini LED Monitors

Mini LED Monitors (Image: PC World)

အားသာချက်တချို့ ဖော်ပြရရင် Maximum Brightness ကို >1400 nits အထိ ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် HDR Content တွေကို 1400 Range အထိ ဖော်ပြနိုင်မယ်ဆိုရင် သီအိုရီအရ ကျွန်တော်တို့ ပြောနိုင်တာ HDR 1400 Certified Display ဖြစ်လာနိုင်ပါတယ်။ လက်ရှိ LED Display တွေက အများဆုံး 600 – 800 nits အထိပဲ ဖော်ပြနိုင်ပါတယ်။

LG Display

Rollable OLED Display by LG (Image Credit: Business Insider)

Contrast အပိုင်းချဲ့ပြောရရင်တော့ Backlight Layer ထဲမှာ LED မီးလုံးတွေကို အရွယ်စား သေးနိုင်သမျှ သေးအောင်လုပ်ပြီး ထည့်နိုင်ရင် Brightness ၊ Contrast နဲ့ Colour Production စတဲ့ အချက်တွေ အားလုံး ပိုကောင်းလာမှာပါ။
ဒိထက် ပိုပြီး သေးငယ်တဲ့ Micro ၊ Nano အရွယ်စားထိ သုံးလာမယ်ဆိုရင် Infinite Contrast ကို ပိုင်ဆိုင်လာနိုင်မယ်လို့ သီအိုရီအရ တွေးနိုင်ပါတယ်။

မြင်သာအောင် နှိုင်းယှဥ်ရမယ်ဆိုရင်တော့ ၅ လက်မ အရွယ် Smartphone တစ်လုံးမှာ Backlight Unit ၂၅ ခု အများစုရှိတဲ့အချိန် Mini LED မှာ 9000 ကနေ 10000 အကြား Operate လုပ်နိုင်ပါပြီ။

sAMOLED Display

sAMOLED (Super Active Matrix OLED) by Samsung (Image: Wccftech)

ဒါကြောင့် HDR Performance သိသိသာသာကောင်းမွန်လာမယ်လို့ ပြောနိုင်သလို IPS Panel မှာ အစားထိုးလာမယ့် Display နည်းပညာလို့ သုံးသပ်နိုင်ပါတယ်။

ဒါပေမယ့်လို့ Local Dimming အခေါ် အလင်းလျှော့ချပစ်တဲ့အခါ Sub-pixel တခုချင်းစီ အလင်းလျှော့နိုင်မယ့် အားသာချက်မျိုး ပိုင်ဆိုင်ထားပြီဆိုပေမယ့် သာမန် LED Display/Panel တွေထက် ကုန်ကျစရိတ် မြင့်မားနေဆဲပါပဲ။

ဒိထက် ပိုသေးငယ်တဲ့ Micro LED Display တွေမှာ မြင်ရနိုင်တယ်ဆိုပေမယ့် ရည်ရွယ်ချက်ကိုက ကုန်ကျစရိတ်သက်သာပြီး သေကြေပျက်စီးနိုင်တဲ့ OLED နည်းပညာကို ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။

သုတေသီတွေ စမ်းသပ်ချက်အရဆိုရင်တော့ OLED ၊ LED အားသာချက် ၂ ခုကို ပေါင်းကူးတံတားသဖွယ် ချိတ်ဆက်နိုင်မယ့် နည်းပညာချက်ကို ရှာဖွေနေတာဖြစ်ပြီး ဘယ်အချိန်မှာ ဖန်တီးနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

2B