fbpx

This is digital planet.

Tech NewsXiaomi

Xiaomi Mi 10 ဖုန်းက ဘာလို့စျေးကြီးသွားတာလဲ?

ဒီနှစ်မိတ်ဆက်တဲ့ Mi 10 Series ဟာ Flagship Killer Level ကနေ Flagship ဖုန်းတစ်လုံး ကိုယ်တိုင်ဖြစ်လာဖို့ကြိုးစားတဲ့ Xiaomi ရဲ့အရွေ့တစ်ခုဆိုလည်း မမှားပါဘူး။

ဒါပေမယ့် တိုးတက်လာတဲ့ Specification နဲ့အတူ ခါတိုင်းထက်မြင့်တက်လာတဲ့စျေးကလည်း Mi Fan တစ်ချို့ကို ဒီ ဖုန်း Model တွေအပေါ် ဝယ်ယူဖို့မချင့်မရဲဖြစ်စေခဲ့တယ်။ ဆိုတော့ ခုလို မြင့်တက်လာတဲ့စျေးရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရင်းတွေရှိနေမလဲ?

Mi 10 5G

တရုတ်ပြည်မှာ တရားဝင်ရောင်းချတဲ့စျေးအရ $570 က စပြီး 256/12 GB Model အနေနဲ့ $670 အထိ ကျသင့်ပါတယ်။ Techinsights ရဲ့ လေ့လာတွက်ချက်မှုအရ အဲဒီ 256/12 GB ရဲ့ အစိတ်အပိုင်းတွေစုစုပေါင်း ခန့်မှန်းစရိတ်ဟာ $440 အထိ ရှိနေပါတယ်။

Mi 10

Image Credit: GizChina

ဒါဟာပစ္စည်းတန်ဖိုးသက်သက်ပဲ ရှိသေးပြီး ထုတ်လုပ်မှုစရိတ်၊ အခွန်အခ၊ ကြော်ငြာစရိတ်တွေထည့်တွက်ရင် Company ဘက်က အရင်းတန်ဖိုးဟာ ခုထက်ပိုကျသင့်မှာပါ။ Techinsights ရဲ့ နှိုင်းယှဥ်ပြမှုအရ ပစ္စည်းစရိတ် $490 တန်ဖိုးရှိတဲ့ iPhone 11 Pro Max 512 GB Model ရဲ့ရောင်းစျေးဟာ $1349 အထိရှိနေပါတယ်။

ဒီပမာဏနဲ့ယှဥ်ရင် Xiaomi ဘက်က ရယူထားတဲ့အမြတ်အစွန်းဟာ အတော့်ကိုနည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ ခုလို မနှစ်က Mi 9 Series ထက် ပစ္စည်းတန်ဖိုးမြင့်တက်လာရခြင်းအကြောင်းရင်းတွေမှာ

မနှစ်ကထက် သိသိသာသာပိုကောင်းလာတဲ့ 90Hz, Curved AMOLED Display, Snapdragon 865 ကိုမှ 5G Network ပါဝင်လာတာ၊ 108MP ရဲ့ ကုန်ကျစရိတ် အပြင် တခြားအပိုစရိတ်တွေလည်း ပါဝင်နေပါတယ်

Mi 10

Image Credit: GizChina

ကျွမ်းကျင်တဲ့သုံးသပ်သူတွေအဆိုအရ အပေါ်မှာပြထားတဲ့ Component တစ်ခုစီရဲ့ ကျသင့်ငွေဟာ အရင် Generation ထက် ၂ ဆနီးပါး ရှိပါသတဲ့။ ဆိုတော့ ပစ္စည်းကုန်ကျစရိတ်တွေကို ခန့်မှန်းကြည့်ရင် Xiaomi ရဲ့အားစိုက်မှုဟာ ပေါပေါပဲပဲမဟုတ်တာတော့ သေချာနေပါတယ်။

ခုလိုအားစိုက်မှုရလဒ်ကြောင့် Mi 10 Series ဟာ Mi Fan တွေတင်မကပဲ တခြား Smartphone Fan တွေရဲ့ အာရုံစိုက်မှုကို ပိုပြီးရယူနိုင်ခဲ့တယ်ဆိုတာ ရောင်းအားမှတ်တမ်းတွေက သက်သေပြခဲ့ပါပြီ။

Xiaomi ကိုယ်တိုင်ကလည်း သူတို့ရဲ့ Price to Performance ဆိုတဲ့ဂုဏ်ပုဒ်ကို Next Level ဖြစ်တဲ့ Flagship Smartphone တွေအထိ မြှင့်တင်သွားဖို့ တာစူနေပြီပြောရမှာပါ။ နောက်ထပ်ထွက်လာနိုင်တဲ့ Mix Series လို Flagship Model တွေအတွက်လည်း ခုထက်ပိုကောင်းတဲ့ရလဒ်တွေကို မျှော်လင့်မိနေပါတော့တယ်။

Source: GizChina