Zawgyi
Unicode
Windows 10 လည်း icon အသစ်လေးတွေကို ရရှိတော့မှာပါ၊
လွန်ခဲ့တဲ့ တပတ်လောက်က Microsoft အနေနဲ့ Office Apps တွေအတွက် icon အသစ်လေးတွေကို ထုတ်ပြခဲ့ပါတယ်။ Office icon ကိုမပြောင်းခဲ့တာ ၅ နှစ်ကြာပြီးနောက်မှာတော့ ပိုပြီးလေးနက်တဲ့ အဓိပ္ပာယ်တွေပါပဲ icon အသစ်ကို ထုတ်ပြခဲ့ပါတယ်။ AI features, Collaborative features တွေအတွက် ရည်ရွယ်ပြီး Design အသစ်ကိုချပြခဲ့တာပါ။
Word, Excel, PowerPoint and Outlook တို့တင်မဟုတ်ပဲ OneDrive နဲ့ Skype icon ကိုပြောင်းပေးထားပါတယ်။ Microsoft Office နဲ့ ပက်သက်တဲ့ icon အကြောင်းကို အောက်ပါ Video မှာကြည့်နိုင်ပါတယ်။
Windows အနေနဲ့ Operating System တစ်ခု တစ်ချို့ Icon တွေကို Design ကို မပြောင်းပဲ သုံးလာခဲ့တာ ၁၀ နှစ်ကျော်လာပါပြီ။ မျက်လုံးထဲ မြင်လွယ် အသုံးပြုလို့လွယ်ကူနေပင်မဲ့ ရိုးအီလာတာတော့အမှန်ပါပဲ။ ဒါကြောင့် Microsoft အနေနဲ့ ခေတ်မှီပုံစံတွေ ဖြစ်လာအောင်ကြိုးစားအားထုတ်နေတာအမှန်ပါပဲ။ ထုတ်ပြခဲ့တဲ့ Video ထဲမှာတော့ Office icon တွေသာမက File Explorer တွေ၊ Calculator, Calendar, Mail စတာတွေလည်း ပြောင်းလဲထားပါတယ်။ ဒါကြောင့် Windows 10 လည်း UI အသစ် icon အသစ်လေးတွေရရှိလာပါ။
Photos Credit : Microsoft