fbpx

This is digital planet.

GamesGlobalizationTech News

World War Z GOTY Update မှာ ပါဝင်လာမယ့် ထူးခြားချက်များ

ဇွန်ဘီတွေနဲ့ ပစ်ခတ်ဆော့ကစားရတဲ့ ဂိမ်းတွေထဲမှာ Feel အရှိဆုံး World War Z ကတော့ အဆက်မပြတ် ထောက်ပံ့နေတဲ့ Update တွေနဲ့ တခရီးဆက်ပါပြီ။ ၂၀၁၉ ဧပြီလ ၁၉ ရက်နေ့မှာ စတင်ထုတ်ဝေခဲ့တာ အခုဆိုရင် တစ်နှစ်ပြည့်သွားခဲ့ပြီ ဖြစ်တဲ့အတွက် GOTY ဆိုပြီး ထွက်လာမှာပါ။

ပုံမှန်အတိုင်းဆိုရင် Season 3 ထုတ်ပေးရမှာ ဆိုပေမယ့် တစ်နှစ်ပြည့် အထိမ်းမှတ်ဖြစ် Game of the Year Edition ကို ကြေညာပေးလိုက်တာပါ။

ဒီ Update နဲ့အတူ ပါဝင်လာမှာက Episode အသစ်ပါ။ ပြင်သစ်နိုင်ငံမှာ ဇာတ်အိမ်တည်ထားပြီး Marseille မြို့က နေရာတွေမှာ Character သစ် ၄ ယောက်နဲ့ ဆော့ကစားရမှာပါ။

GOTY adds France Apocalypse

ဒါကြောင့် 2013 မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင် ဇာတ်ဝင်ခန်းတွေရဲ့ New York ၊ Seoul ၊ Jerusalem တွေအပြင် ဂျပန်၊ ပြင်သစ် Mission တွေ စုံလာပြီ ဆိုရမှာပါ။

Storyline ပဲ စိတ်ဝင်စားသူတွေအနေနဲ့က တိုတောင်းလှတဲ့ Episode ၊ Mission တွေကြောင့် သဘောမခွေ့ကြပါဘူး။

ဒိအတွက် World War Z ကို ဖန်တီးထားတာ မဟုတ်သလို Episode တိုင်းမှာ ကစားဖော် ၄ ဦးနဲ့ အခက်ဆုံး Difficulty ဘယ်လို ကျော်ဖြတ်ကြမလဲ? အရေးကြီးဆုံးက Teamwork ဖြစ်တဲ့အတွက် အပျင်းပြေ ကစားဖို့ မဆွဲစေချင်ပါဘူး။

သိထားတဲ့အတိုင်း Gunslinger ၊ Hellraiser ၊ Medic ၊ Fixer ၊ Slasher နဲ့ Exterminator Class ၆ မျိုး ခွဲပေးထားတယ်၊ ဒီ Survival Class ၆ မျိုးရဲ့ အားသာချက် မတူသလို ၄ ဦး (Class ၄ မျိုး) ပေါင်းမှ ပိုပြီးတော့ Strong ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

Ideal Teamwork

Mission တိုင်းမှာ ကြုံရမယ့် Zombie Wave တွေ Special Infected တွေကို တညီတညွတ် နှိမ်နှင်းနိုင်မှ ရှေ့ဆက်သွားနိုင်သလို ဇွန်ဘီဂိမ်းဆိုမယ့် လက်နက်တွေ စုံစုံလင်လင် ထည့်ပေးထားပါတယ်။

Tier အလိုက် Weapon Power ကွာသွားသလို Tier 3 တွေက Crowd Control သို့မဟုတ် ပစ်လို့အကောင်းဆုံး သေနတ်တွေပါ။

World War Z GOTY Update

Lands on Marseille City (Image: IGN)

Tier 2 အထိ Class Talent ကနေ ယူလို့ရပေမယ့် Tier 3 လက်နက်တွေ ပေးတာရှားပါတယ် (အထူးသဖြင့် တစ်လက်နှုန်းပဲ Random ကျတတ်သလို Sniper လို Weapon မျိုးက တစ်ခါတရံ တံခါးဖောက်ခွဲပြီးမှ ရတတ်တာမျိုးလည်း ရှိပါတယ်)

GOTY Update မှာတော့ New Map ၊ New Character နဲ့အတူ Lobo Weapon Pack ၊ Biohazard Weapon Pack ၊ Special Operations Forces Weapon Pack ၊ Last Aid Weapon Pack နဲ့ Upcoming Weapon Pack ဆိုပြီး လက်နက် Skin အသစ်တွေ ပါဝင်လာပါမယ်။

Along with Various Weapon Packs

အလားတူပဲ Professional Character Skin နဲ့ War Heroes Character Skin အသစ် မိတ်ဆက်ဦးမှာ ဖြစ်ပြီး ကြေညာလိုက်တဲ့ Trailer အရ Marseille Mission မှာ Defense Kit အသစ်လည်း ပါဝင်ထားပါတယ်။

Undead Sea Update တုန်းကလို Bomber Special Infected အသစ် ထည့်မလာပေမယ့် Marseille အခန်းတချို့ဟာ မှောင်မည်းနေတဲ့ မြေအောက်ခန်း Gameplay ပါဝင်ထားပါတယ်။

World War Z GOTY Update

New Defense Kit (Image: IGN)

Player တွေဟာ Flashlight ကိုသာ အားကိုးရမှာဖြစ်ပြီး အသံကို နားစွင့်ရုံမှအပ အားကိုးစရာ မရှိပါဘူး (Peashooter သမားတွေဆိုရင် Friendly Fire လုပ်ကြမှာ ကျိန်းသေပါ)

Developer ကြီး Saber Interactive ကတော့ GOTY Update ကို PC ၊ Xbox နဲ့ PlayStation တို့အတွက် ထုတ်ပေးသွားမယ်လို့ ပြောထားပြီဖြစ်သလို ကြေကွဲစရာ အချက်က Free မဟုတ်ပါဘူး။

Get ready to Paid

$49.99 ကျသင့်မှာ ဖြစ်ပြီး Marseille Episode ကို ဆော့ချင်တယ်ဆိုရင်တော့ $15 နဲ့ Stand Alone အဖြစ် ဝယ်ကစားရမှာပါ။ အခုလို Strategy သုံးလိုက်တာ Saber အပါးနပ်တယ် ဆိုရဦးမှာပါ။

WWZ ကို အလကားပေးတုန်းက 9.9 သန်း ရယူခဲ့ကြသလို နေ့စဥ် ကစားသူပေါင်း 250K ရှိနေတယ်လို့ IGN အဆိုရ သိရပါတယ်။ လက်ရှိအချိန်မှာ Saber ကို Embracer Group က $525 သန်းနဲ့ ဝယ်ယူထားပါပြီ။

World War Z GOTY Update

Marseille City (Image: IGN)

ဒါကြောင့် WWZ အပြင် NBA 2K Playgrounds ၊ Halo Anniversary နဲ့ Witcher 3 Switch Version ကို ကိုင်တွယ်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒီ ဂိမ်း ၃ မျိုးထဲမှာ World War Z ဟာ Developer အတွက် အသီးပွင့် ဖြစ်လာစေသလို

Epic အဆိုရ WWZ ဟာ အအောင်မြင်ဆုံး ဗီဒီယိုဂိမ်း ဖြစ်လာတယ်လို့ ကြေညာထားပါတယ်။

Zeke will infest Switch Players

Classic Zombie Shooter ဂိမ်းထဲမှာဆိုရင်လည်း တချိန်က လူကြိုက်များခဲ့တဲ့ Left 4 Dead 2 ထက် ကစားသူဦးရေ များပြားနေပြီလို့ သိရပါတယ်။

World War Z GOTY Update

4 New Characters (Image: IGN)

ဒါထက် Switch Platform မှာပါ Zeke တွေ ကူးစက်လာတော့မယ်လို့ GOTY Update နဲ့အတူ အသိပေးခဲ့ပါတယ်။

Source: IGNThe Sixth Axis

လေ့လာနိုင်မယ့်ဆောင်းပါး

World War Z ရဲ့ အခက်ဆုံး 5 Skulls (Extreme) Difficulty နိုင်အောင် ဘယ်လိုကစားကြမလဲ
World War Z စကစားမယ့်သူတွေအတွက် Starter Guide