fbpx

This is digital planet.

Articles

ကမ္ဘာ့အန္တာရယ်အရှိဆုံး Hacker ၁၀ ယောက်

Hacker လို့ ပြောလိုက်တာနဲ့ ချက်ချင်းသတိရမိသွားတာ ၂၀၁၉ ဧပြီဝန်းကျင်တုန်းက အမေရိကန်ရေတပ်ကို တရုတ်တွေဝင် Hack ခဲ့လို့ တောက်လျှောက်ဖိအားပေးလာခဲ့တာ ခုချိန်ထိပါ။

ဘာပါသွားလဲ မသိရပေမယ့် ရာဇသံတွေ စေလွှတ်ခဲ့သလို စီးပွားရေးအရ ထိုးနှက်တယ်၊ ပိတ်ဆို့တယ် (မဆီမဆိုင် HUAWEI က ပစ်မှတ်ဖြစ်ခဲ့တယ်) စသဖြင့် နောက်ကွယ်မှာ နိုင်ငံရေး လှုပ်ရှားမှုတွေပါနေတော့ အန္တာရယ်အရှိဆုံး ၁၀ ယောက်ကို ဖော်ပြလိုက်ပါတယ်။

Jermy Hammond

Jermy ကို လူ့မှုဝန်ထမ်းအဖွဲ့စည်းတွေ အမြဲအမှတ်ရနေကြမှာပါ။ အခုချိန်မှာ ထောင်နန်းစံနေရပြီဆိုပေမယ့် သူ့ရဲ့လုပ်ရပ်တွေက ပရဟိတအသင်းတွေကို အများကြီးအကျိုးပြုသွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Jermy ဟာ ခေတ်သစ်နာဇီလို့နာမည်တွင်နေတဲ့ Startfor အဖွဲ့အစည်းကို ဦးတည်တိုက်ခိုက်ခဲ့လို့ပါ။

တရားစီရင်ချက်မှာ Jermy ကို Credit Card ပေါင်း ၆၀,၀၀၀ ကျော်ခိုးယူခဲ့မှုနဲ့ ထောင်ချလိုက်တယ်ဆိုပေမယ့် Jermy ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ကယ်တင်ရှင်လည်းဖြစ်သွားခဲ့ပါပြီ။

Hacker Jeremy Hammond

Jeremy Hammond (Image: Ther Verge)

Global Intelligence အဖွဲ့စည်းတဖြစ်လည်း Startfor Group ရဲ့ E-mails တွေ မရရအောင် ခိုးယူပစ်လိုက်ပြီး အဲ့ဒီထဲမှာ အိုစမာဗင်လာဒင်သေဆုံးမှု အသေးစိတ်အချက်လက်နဲ့ ဗင်နီဇွဲလားနိုင်ငံကို အထိကရုန်းဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ထားတဲ့ E-mail တွေ ပါဝင်နေခဲ့လိုပါ။

ဘယ်လိုပဲဖြစ်ဖြစ် Startfor ကို တစ်ယောက်ထဲတိုက်နိုင်တာ နည်းနည်းနှောနှော အရည်ချင်းမဟုတ်သလို တခါထဲခိုးယူပစ်လိုက်တဲ့ Credit Card တွေကို လှူဒါန်းလိုက်တာ ချီးကျူးစရာကောင်းပါတယ်။ ဒါပေမယ့်လည်း သူဝင် Hack လိုက်တဲ့ E-mail အများစုဟာ နိုင်ငံရေးနွယ်နေတာဖြစ်လို့ ထောင် ၁၀ နှစ်ပဲကျသွားခဲ့တာ သက်သာတယ်ဆိုရမလား။

Kevin Poulsen

Kevin ကတော့ Hacker ဘဝက အနားယူသွားခဲ့ပါပြီ။ အခုချိန်မှာ Wired ရဲ့ Editor ကြီးဖြစ်နေပြီဆိုပေမယ့်လည်း တစ်ချိန်တုန်းကသူ Hack ခဲ့ဖူးတဲ့ သမိုင်းကြောင်းလေးကတော့ လူပြောများနေဆဲပါ။

Kevin ဟာ Porsche 944 S2 ပြိုင်ကားကို ပွဲစားလိုလို ပုံမှားရိုက်ပြီး Porsche ကုမ္ပဏီဖုန်းလိုင်းထဲဝင် Hack ၊ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မသုံးလိုက်ရဘဲ ဘတ်ခဲ့ဖူးပါတယ်။ Kevin ဟာ Black-hat Hacker ဖြစ်ခဲ့ပေမယ့်လည်း ပတ်ဝန်းကျင်အတွက် အကူညီဖြစ်ခဲ့ဖူးတယ်။

Hacker Kevin Poulsen

Kevin Poulsen (Image: Keppler Speakers)

အခုချိန်ထိ Child Raid မဖြစ်ဖြစ်အောင် အားပေးနေတဲ့ လျှို့ဝှက်အဖွဲ့စည်းကို MySpace User တွေဖြစ်နေခဲ့တယ်ဆိုတဲ့အကြောင်း သူ့အစွမ်းအစနဲ့ ဖော်ထုတ်ခဲ့တယ်။

ဒီလိုမျိုး လူကောင်းစိတ်ကလေးရှိတယ်ဆိုပေမယ့်လည်း FBI ရုံးထဲက ကွန်ပျူတာတွေ သွား Hack လိုက်တဲ့အတွက်ကြောင့် ထောင် ၅ နှစ်ကျခဲ့ရပါတယ်။ ထောင်ကထွက်လာပြီးတဲ့အခါမှာတော့ Kevin ဟာ ဘဝကို အေးအေးလူးလူးကျော်ဖြတ်နေပြီး Kingpin လို့ နာမည်ရတဲ့ စာအုပ်တအုပ်ကို ရေးသားနေတယ်လို့ သိရပါတယ်။

ဘယ်လိုပဲ ဘဝရာဇဝင်ရိုင်းခဲ့ဖူးတယ်ဆိုပေမယ့်လည်း Kevin ရေးနေတဲ့စာအုပ်ဟာ Hacker တွေအကြောင်းနဲ့ သက်ဆိုင်နေမယ်လို့ သုံးသပ်လို့ရပါတယ်။

Jonathan James

James ကိုတော့ တက်သစ်စ Hacker ပေါက်စတွေရဲ့ Idol လို့ပဲဆိုရမလား အသက်သက်ငယ်ငယ်လေးနဲ့ ဒေါ်လာသန်း ၁၇၀ လောက်တန်ကြေးရှိတဲ့ Access Code ကို NASA ဆီက ခိုးယူခဲ့ပါတယ်။

ဒီလို တန်ဖိုးကြီးမားတဲ့ Code ရအောင် Defense Threat Reduction Agency ထဲဝင် Hack ခဲ့ပြီး ကွန်ပျူတာထဲမှာ Backdoor ပရိုဂရမ် ထည့်သွင်းခဲ့တယ်။ ဒီကနေတဆင့် NASA ရဲ့ Information တွေနဲ့ Access Code ရဲ့ Source ကိုရရှိခဲ့တာပါ။ အခုလို NASA လို အဖွဲ့အစည်းမျိုးဆီက တစ်ယောက်ထဲဝင်တိုက်ပြီး ခိုးဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။

Hacker Jonathan James

Jonathan James (Image: Steemit)

ဒါကို James ဟာ အသက် ၁၆ နှစ်ကတည်းက ဝင်ဖောက်နိုင်ခဲ့ပြီး ငယ်ရွယ်သေးတဲ့အတွက် ပြည်သူ့တရားရုံးက လူငယ်လေ့ကျင့်ရေးထောင်ကိုပဲ ပို့ဆောင်စေဖို့အမိန့်ချမှတ်ခဲ့ပါတယ်။

ထောင်ကထွက်လာခဲ့ပြီး James ဟာ ဘဝကို ကောင်းကောင်းမွန်မွန်ပဲ ဖြတ်သန်းခဲ့တယ်ဆိုပေမယ့်လည်း TJX စတိုးဆိုင်ထဲ သူ့နာမည်နဲ့ ထွက်ပေါ်လာခဲ့တဲ့ ခိုးယူမှုကြောင့် အဆုံးစီရင်သွားခဲ့ပါတယ်။

James ဟာ ဘယ်လိုပဲ သူရိုးသားကြောင်းဝန်ခံခဲ့တယ်ဆိုပေမယ့် အကျဥ်းကျခံရမယ်ဆိုတဲ့ စွပ်စွဲမှုတွေမခံနိုင်လို့ အခုလို ကျော်ဖြတ်ခဲ့တယ်လို့ပြောရမလားပါဘဲ။

The Aurora Hackers

Aurora ဆိုတာနဲ့ မိုးသောက်ပန်းလို့ မထင်လိုက်ပါနဲ့။ ဒီကောင်တွေဟာ အစုလိုက်အပြုံလိုက် ကုမ္ပဏီကြီးတွေကို တမင်လိုက်နှောက်ယှက်နေတဲ့ Hacker တွေပါ။

Google ကတောင် တရုတ်ကနေ ထွက်ပြေးသွားရတဲ့အထိ ဒုက္ခပေးလွန်းတဲ့အတွက် Operation Aurora နာမည်ကြားတာနဲ့ မျက်ခုံးလှုပ်နေရတဲ့လူတွေရှိသလို ကျော်တဖြန်းဖြန်း ကြက်သီးထသွားရတဲ့အထိ ဆိုးသွမ်းခဲ့တဲ့ Hacker တွေပါ။

Operation Aurora

အခုချိန်မှာ Aurora ရဲ့ Professional Hacker တွေကို ဖမ်းမိထားပြီဆိုပေမယ့် ဟိုတစ်စ၊ ဒီတစ်စ အ Hack ခံနေရတုန်းပါ။ Aurora ဟာ အဖွဲ့အစည်းဟာ သေးသေးလေးမဟုတ်ဘဲ Beijing အဖွဲ့နဲ့ Shanghai အဖွဲ့ဆိုပြီး အများကြီးရှိတယ်။

The Aurora Hackers

Image: Exabeams

A wolf Pack but probably Hyena

ဒါတောင်မှ Google လို ကုမ္ပဏီမျိုးက ပိုက်စိတ်တိုက် မြေလှန်ထားလို့ သိပ်မရှိတော့ဘူးလို့ ပြောလို့ရပေမယ့် Gmail လို Account တွေ အ Hack ခံရပြီ ဆိုရင်တော့ သေချာပါတယ်၊ တရားခံဟာ Aurora ပါပဲ။ ဒီလို Aurora လက်စာမိထားတဲ့ Google နဲ့ Yahoo တို့ဆိုရင် Account တွေ အ Hack ခံလိုက်ရုံမက ကုမ္ပဏီရဲ့ အချက်အလက်တွေပါသွားခဲ့ဖူးပါတယ်။

Adrian Lamo

စာဖတ်သူတွေ အနေနဲ့ သွားရင်းလာရင်း၊ စားရင်းသောက်ရင်း၊ အလုပ်လုပ်ရင်း သူများ ကွန်ပျူတာဖြစ်ဖြစ်၊ ဖုန်းဖြစ်ဖြစ် Hack ဖို့ စိတ်ကူးဖူးပါသလား၊ Adrian က ဒီလိုလူမျိုးပါ။ သူ့ရဲ့ ရည်းစားဟောင်းကတောင် Adrian အရမ်း Control လုပ်လွန်းတယ်ဆိုလို့ ဖြတ်ပစ်တာပါတဲ့။ တကယ်က အဲ့လိုမဟုတ်ပါဘူး။

Adrian ကို အိမ်ရာမဲ့ Hacker လို့တောင် တင်စားခဲ့ပြီး New York Times မဂ္ဂဇင်းဌာနကို ဟိုတယ်တစ်ခုမှာ တည်ခိုနေရင်း အပျင်းပြေဝင် Hack ဖူးတယ်လို့ ဆိုပါတယ်။ Hack တာတောင် ရိုးရိုးမဟုတ်ဘဲ သူများ မဂ္ဂဇင်းတိုက်ထဲမှာ သူ့ရဲ့ Personal Information ကို နောက်သလိုပြောင်သလို သွားထည့်ခဲ့တာကြောင့် ဒဏ်ဆောင်ခဲ့ရသလို နေအိမ်မှာ အကျယ်ချုပ်ဘဝနဲ့ ၂၀၀၄ ခုနှစ်အထိ နေခဲ့ရဖူးပါတယ်။

Hacker Adrian Lamo

Adrian Lamo (Image: Fox News)

အခုလို ပြစ်ဒဏ်ပေါ့ပါးခဲ့တာ Adrian ဟာ Asperger’s Syndrome ရောဂါ ကုသမှုခံယူနေလို့ဖြစ်ပါတယ်။ Asperger ကို လွယ်လွယ်ပြောရရင် တချို့လူတွေ ပေါင်းသင်းဆက်ဆံရေးမကောင်းတာမျိုးပါ။

ဒါကို Adrian ခံစားနေရပုံနဲ့ နှိုင်းယှဥ်ပြရရင် သူဟာ သွေးလှူဖို့တောင် ငြင်းပယ်ထားတဲ့လူမလို့ပါ။ ဒီလိုမျိုး နားလည်ရခက်တဲ့ Asperger Syndrome ကို ၂၀၁၃ လောက်ရောက်မှ စိတ်ရောဂါတမျိုးလို့ပြဌာန်းခဲ့လို့ ကုသရေးနည်းလမ်းတွေလည်း ပြောင်းလဲလာခဲ့တာပါ။

Ties that bind

အဲ့ဒီလို ၂၀၀၄ နောက်ပိုင်း အကျယ်ချုပ်ဘဝကနေ လွတ်လာခဲ့တဲ့ Adrian တယောက် Hacker ဘဝနဲ့ ဖြတ်သန်းချင်ပုံရပါတယ်။ အဲ့ဒါနဲ့ပဲ Hacking Community တစ်ခုနဲ့ ပူးပေါင်းမိသွားပြီး အဲ့ဒီမှာ Bradley Manning ဆိုတဲ့ Contributor တစ်ယောက်နဲ့ သွားငြိခဲ့တယ်။။

Traitor Bradely Manning

Military Traitor Bradley Manning (Image: Kurg)

၂ ယောက်လုံး သူခိုးတွေဖြစ်ပေမယ့် မြွေမြွေချင်း ခြေမြင်သလို Bradley ဟာ Adrian အကူညီနဲ့ စစ်ဘက်ဆိုင်ရာ သတင်းတွေခိုးယူနေတာ သိသွားခဲ့တယ်။ ဒါကြောင့် Adrian ဟာ Kevin Poulsen အကူညီနဲ့ Bradley သရုပ်မှန်ကို ဖော်ထုတ်ပစ်လိုက်တယ်။

အဲ့မှာပဲ Food Chain ထဲ Kevin ဝင်လိုက်သလို ဖြစ်သွားပြီး တနည်းမဟုတ်တနည်း အသက်အန္တာရယ်ရှိလာပြီလို့ ရပ်မိခဲ့တယ်။ အဲ့ဒါကြောင့် Felons နဲ့ Snitchs စကားဝှက်တွေနဲ့ လှုပ်ရှားခဲ့ပေမယ့် Manning ထောင်နန်းစံနေစဥ်ကာလအတွင်းမှာ Kevin ရော Adrian ပါ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ် (Adrian သေပြီး ၁ နှစ်အကြာမှာ Kevin ကိုယ့်ကို သတ်သေခဲ့တယ်လို့လည်း သတင်းထွက်ခဲ့ဖူးပါတယ်)

Robert Tappan Morris

Robert Tappan ကို အစောဆုံး Hacker လို့ တင်စားရမလား ၁၉၈၈ ဝန်းကျင်လောက်က Morris Worm Virus နဲ့ ကွန်ပျူတာအလုံး ၆၀၀၀ လောက်ကို ကောင်းကောင်းဒုက္ခပေးခဲ့ဖူးပါတယ်။

Hacker Robert Tappan Morris

Robert Tappan Morris (Image:PC Gamer)

ဒီ Morris Worm ကို Cornell မှာပညာသင်ကြားရင်း ပျံ့နှံ့စေခဲ့ပြီး ရည်ရွယ်ချက်က အင်တာနက်ဘယ်လောက်ကျယ်သလဲ၊ ကြီးသလဲဆိုတာကို သိရဖို့အတွက်ဆိုပါတယ်။ ဒီလို ရိုးသားတဲ့အတွက် Robert Tappan ကို Computer Fraud and Abuse Act က အရေးယူခဲ့ပြီး $15 ဒဏ်ကြေးသတ်မှတ်ခဲ့ပါတယ်။

Cody Kretsinger

Hacker လောကမှာ “Recursion” ဆိုတဲ့နာမည်ဟာ အတော်လေးနာမည်ကြီးပြီး 2011 တုန်းမှာ ဖြစ်ပွားခဲ့တဲ့ Sony PlayStation Hack ခံရမှုက ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အကောင့်ပေါင်း ၇၇ သန်းရဲ့ Personal Data ပေါက်ကြားသွားပြီး ၂၄ ရက်ဆက်တိုက် PlayStation Network ကျသွားခဲ့ရပါတယ်။

Image: PlayStation

ဒီလိုလက်သံပြောင်တဲ့ Cody Kretsinger ဆိုသူဟာ LulzSec Hacker Group အဖွဲ့ဝင်ဖြစ်ပြီး LulzSec ကို ကလေးဆန်တယ်၊ ရည်ရွယ်ချက်မရှိ Hack တယ် စသဖြင့် အပြောများပါတယ်။

ဘာလို့လဲဆိုရင် ၇၇ သန်းရဲ့ Personal Data ပေါက်ကြားခြင်းမရှိခဲ့သလို Kretsinger ပြောဆိုချက်အရ Hack ဖို့ဘယ်လောက်လွယ်သလဲ ကြွားချင်လို့ပါတဲ့။ ဒါကြောင့်မလို့ ထောင် ၁ နှစ်ပဲကျခံခဲ့ရပြီး LulzSec Group ကတော့ အခုချိန်ထိ လှုပ်ရှားနေဆဲလို့ သိရပါတယ်။

Jacob Appelbaum

Jacob ဆိုသူဟာ WikiLeaks ရဲ့ မျက်နှာဖုံး Hacker တယောက်ဖြစ်ပြီး ငယ်ဘဝ မလှမပခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ မူးယစ်ဆေးစွဲနေတဲ့ ဖခင်နဲ့အတူကြီးပြင်းလာတဲ့ Jacob ဟာ Tor Technologies နဲ့ ပူးပေါင်းပြီး WikiLeaks ကို လှုပ်ရှားနေတာဖြစ်ပါတယ်။

Hacker Jacob Appelbaum

Jacob Appelbaum (Image: Dailydot)

e-mails တွေကို Sever ၂ ခု၊ ၃ ခုဆီ မရောက်ရောက်အောင် Divert လုပ်တယ်၊ အဲ့ဒါကြောင့် နိုင်ငံချင်းပို့တဲ့အခါ ကြန့်ကြာမှုဖြစ်ပေါ်တတ်ပြီး မကြာခဏဆိုသလို ထူးထူးဆန်းဆန်းသတင်းတွေ WikiLeaks ဆီက တက်လာတတ်ပါတယ်။

ဒီလိုဖြစ်ပြီဆိုရင်တော့ Jacbo လက်ချက်လို့ပဲ ယူဆလို့ရမှာပါ။ ဒါကြောင့်မလို့ အန္တရာယ်ပေးနိုင်တဲ့ Hacker အဖြစ်သတ်မှတ်ထားပြီး လက်ရှိအချိန် Berlin မြို့တော်မှာ နေထိုင်နေတယ်လို့ သိရပါတယ်။

Kevin Mitnick

Kevin ကို တချိန်က အန္တရာယ်အရှိဆုံး Hacker တယောက်လို့ ပြောစမှတ်တွင်ခဲ့ပြီး 1995 တုန်းက Department of Justice မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စကြီးဟာ ထိတ်လန့်ဖွယ်ကောင်းပါတယ်။

Way more dangerous

Kevin ဟာ အမေရိကန်အာဏာပိုင် ကွန်ပျူတာတွေထဲဝင် Hack ခဲ့ပြီး နူကလိယားဒုံးပျံပစ်လွှတ်ဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

Hacker Kevin Mitnick

Kevin Mitnick (Image: Wired)

ဒိအတွက် ထောင် ၅ နှစ်ကျခံခဲ့ရပြီး 1990 ဝန်းကျင်တုန်းက ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တဲ့ Hacker ထဲမှာလည်းပါဝင်ခဲ့ပါတယ်။ အခုချိန်မှာတော့ လေးစားရတဲ့စီးပွားရေးလုပ်ငန်းရှင်အဖြစ် ဘဝကို အေးအေးလူးလူးကျော်ဖြတ်နေပြီလို့ သိရပါတယ်။

Gary McKinnon (Killer-hacker)

Mckinnon အကြောင်းပြောရင် နည်းနည်းလေး တီးမိခေါက်မိမယ်လို့ ထင်ပါတယ်။ 2002 လောက်တုန်းက Pentagon စစ်ဌာနချုပ်ထဲဝင် Hack ခဲ့ပြီး မင်းတို့ Security က စုတ်ပြတ်နေတာပဲလို့ ပြောခဲ့သူပါ။

Hacker Gary McKinnon

Gary McKinnon (Image: Wired)

နောက်ပြီး အမေရိကန် စစ်စခန်းတွေနဲ့ NASA ကွန်ပျူတာတွေကို London ကနေ လှမ်း Hack ပြီး File တွေဖျက် Password တွေပါ ပြောင်းပစ်ပြီး

End of the world!!

အမေရိကန်ဆန့်ကျင်သူအဖြစ် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက အစိုးရကို Sponsored ပေးထားတဲ့ အကြမ်းဖက်အဖွဲ့စည်းလိုပဲ၊ 9/11 အဖြစ်ပျက်က သာမန်လုံခြုံရေး ပျက်ပြားမှုမဟုတ်ဘူး၊ ငါအမြဲ တစ်ယောက်ထဲ လှုပ်ရှားတယ် နောက်ပြီး အစွမ်းကုန်ကြိုးစားပြီး နှောက်ယှက်ဖျက်ဆီးနေမယ်ဆိုတဲ့ အရေးသားတွေပါ ထည့်သွင်းထားခဲ့ပါတယ်။

Gary McKinnon ကို 2002 မှာ ဖမ်းဆီးရမိခဲ့ပြီး အရမ်းအန္တရာယ်ရှိလွန်းတဲ့အတွက် ဗြိတိသျှအကျဉ်းထောင်မှာ လက်ရှိအချိန်ထိ ထိန်းချုပ်ထားရပါတယ်၊ အမေရိကန်တွေကတော့ McKinnon ကို အလိုရှိနေပြီး သူ့ရဲ့ ကျွမ်းကျင်တဲ့ Skill တွေကို အသုံးချဖို့ အမြဲ (အားယားနေရင်) တောင်းဆိုလေ့ရှိတယ်လို့ သိရပါတယ်။

Credit: SmashingLists ၊ Wikipedia