fbpx

This is digital planet.

RedmiTech NewsXiaomi

Xiaomi က 64MP Camera ပါတဲ့ Smartphone ကို ထုတ်လုပ်နိုင်

Xiaomi က 64MP primary camera ကို Smartphone မှာ စမ်းသပ်နေတယ်လို့ XDA-Developers တွေက Code တွေ အပေါ်အခြေခံထားတာကို တွေရှိခဲ့ပါတယ်။ တွေ့ရှိခဲ့တာကတော့ Redmi K20 Pro ရြ့ China Developer ROM MIUI 10 မှာတွေ့ခဲ့တာဖြစ်ပါတယ်။ 64MP ဆိုတာကို Code တွေထဲက ultra_pixel_photography_64mp_open_tip ဆိုတဲ့ String name တွေထဲမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့အပြင် 64MP Dual Camera Watermark ကိုလည်းတွေ့ရှိခဲ့ပါသေးတယ်။

Ref: XDA

လက်ရှိအချိန်မှာ 64MP ISOCELL Bright GW1 Sensor ကို Samsung မှ ဈေးကွက်ထဲထုတ်လုပ်ထားပြီး Xiaomi က အဆိုပါ Sensor ကိုသူ့ရဲက ဖုန်းတွေစမ်းသပ်နေတယ်လို့ထင်ရပါတယ်။ ယုံကြည်ရတဲ့ Leaker တစ်ဦးဖြစ်တဲ့ Ice Universe ကလည်း Weibo မှာ ဒီ 64MP နဲ့ပက်သက်ပြီး သတင်းအချက်အလက်တွေကို တင်ခဲ့ပါတယ်။ Ice Universe ပြောပုံအရ Redmi ရဲ့ mysterios ဖုန်းတစ်လုံးက 64MP နဲ့ စမ်းသပ်နေတာဖြစ်ပြီး အဆိုပါ ဖုန်းက China မှာ 64MP သုံးထားတဲ့ ပထမဆုံးဖုန်းတစ်လုံးဖြစ်လာမယ်လို့ သိရပါတယ်။

Redmi 64MP

Xiaomi မှမဟုတ်ဘူး Samsung ကလည်း 64MP သုံးထားတဲ့ Galaxy A70s ကို ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ Samsung အတွက်တော့ Galaxy A70s က 64MP သုံးထားတဲ့ ပထမဆုံး ဖုန်းတစ်လုံးဖြစ်လာမှာပါ။ ဒီ ISOCELL Bright GW1 Sensor မှာ Pixel size အနေနဲ့ 0.8μm ရှိပြီး Pixel binning နည်းပညာကို Support လုပ်တယ်လို့သိရပါတယ်။ Pixel binning လုပ်တဲ့အခါ 16MP အရည်အသွေးရှိတဲ့ ပုံကိုရရှိမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သတင်းတွေအဖြစ် ထွက်ရှိနေပြီး 64MP သုံးထားတဲ့ Xiaomi ဖုန်းနဲ့ Samsung ဖုန်းတွေရဲ့ အခြားသော အချက်အလက်တွေကို မသိရသေးပါဘူး။

Ref: XDA News & Android Authority