fbpx

This is digital planet.

Tech NewsXiaomi

Xiaomi မှ 108MP Camera ပါ၀င်သော Mi CC9 Pro ကိုမိတ်ဆက်

Xiaomi က Mi CC9 Pro နဲ့ Mi Note 10 တို့နဲ့ပက်သက်ပြီး Tease လုပ်ထားတာကြာပါပြီ။ ၎င်းကောင်းဖုန်းတွေမှာ Samsung ရဲ့ 108MP ပါ၀င်လာမယ်လို့ သတင်းတွေထွက်ပေါ်နေသလို အခုအခါမှာတော့ Xiaomi က 108MP Camera ပါ၀င်တဲ့ Mi CC9 Pro ကို တရား၀င် မိတ်ဆက်လိုက်ပါတယ်။

Display အနေနဲ့ 6.47″ Super AMOLED panel ကို အသုံးပြုပေးထားပြီး FHD+ resolution ကိုသုံးပေးထားပါတယ်။ Curved Edges ပုံစံအမျိုးအစားကို အသုံးပြုထားပြီး အမှတ်တမဲ့ P30 Pro နဲ့ အနည်းငယ်ဆင်တူတဲ့ ပုံရှိပါတယ်။ Screen panel ဟာ မျက်လုံးထိခိုက်နိုင်တဲ့ Blue Rays တွေကို သေချာစစ်ထုတ်နိုင်တယ်လို့ TUV Rheinland က အတည်ပြုထားပါတယ်။ Display ratio ကတော့ 19.5:9 ratio ပဲဖြစ်ပါတယ်။ HDR10, 600-nits brightness နဲ့ DCI-P3 wide color gamut တို့ကို Support လုပ်တယ်ဆိုတော့ ကောင်းမွန်တဲ့ Display လို့ ပြောလို့ရပါတယ်။

Xiaomi Mi CC9 Pro is official with a 108 MP penta-camera

Mi CC9 Pro မှာ Galaxy S Series ရဲ့ Curved Display တွေလို Notification တစ်ခုခုရောက်လာရင် ကွေးထားတဲ့ အစွန်းတွေကနေ အလင်းတွေ Breathing ပုံစံနဲ့ ဖော်ပြပြီး Notification ၀င်ကြောင်းကို သတိပေးမှာဖြစ်ပါတယ်။ Xiaomi ကတော့ ဖုန်းမှာ ကမ္ဘာပထမဆုံး အလွန်ပါးတဲ့ Optical in-display fingerprint sensor ကိုသုံးပေးထားတယ်လို့ ကြွားလုံးထုတ်ထားပါတယ်။ သူ့မှာ fingerprint recognition area ပိုကြီးသွားပြီး ခြောက်ကပ်နေသော ဒါမှမဟုတ် စိုနေတဲ့ လက်တွေကိုပါ unlock လုပ်ပေးနိုင်မှာပါ။

Mi CC9 Pro

Mi CC9 Pro ရဲ့ အဓိက ထူးခြားချက်ကတော့ ကျောဘက်မှာ အသုံးပြုထားတဲ့ Camera တွေပဲဖြစ်ပါတယ်။ Main Lens ကို 108MP အသုံးပြုထားပြီး Samsung ရဲ့ ISOCELL Bright HMX sensor ပဲဖြစ်ပါတယ်။ Xiaomi က ၎င်းကောင်း Sensor ကို Mi Mix Alpha မှာလဲ တပ်ဆင်မိတ်ဆက်ခဲ့ပြီး အခုအခါ Mi CC9 Pro မှာ ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ ဖုန်း‌ရဲ့ နောက်ဘက်ပထမဆုံး Lens ဟာ 5x optical zoom ၊ 10x hybrid zoom နဲ့ 50x hybrid zoom ကို လုပ်နိုင်တဲ့ 5MP super telephoto lens ပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Pixel size 1.4µm ရှိတဲ့ 12MP (50mm) portrait sensor ပဲဖြစ်ပါတယ်။ တတိယ Sensor ကတော့ Samsung ကနေပြုလုပ်ထားတဲ့ f/1.7 aperture နဲ့ 4-axis OIS ပါ၀င်တဲ့ 108MP main sensor ပဲဖြစ်ပါတယ်။ 108MP ပါ၀င်တယ်ဆိုပေမဲ့ Mi CC9 Pro မှာ ၂ မျိုး ကွဲပြားပါသေးတယ်။ ရိုးရိုး CC9 Pro က 108MP 7P ဖြစ်ပြီး Premium Edition CC9 Pro ကတော့ 108MP 8P ဖြစ်ပါတယ်။ 7P, 8P ဆိုတာကတော့ 108MP Camera မှာပါ၀င်တဲ့ Lens အရေအတွက်ကိုပြောတာဖြစ်ပါတယ်။

Xiaomi Mi CC9 Pro curved display-

နောက်ထပ် 117-degree field-of-view ပါတဲ့ 20MP ultra wide lens ပါ၀င်ထားပါတယ်။ ငါးခုမြောက်ကတော့ focal length 1.5cm ပါရှိတဲ့ 2MP macro lens ပဲဖြစ်ပါတယ်။ အဲ့ Cameras ငါးလုံးကို LED flash နှစ်ခုနဲ့ထောက်ပံ့ပေးထားပါတယ်။ Mi CC9 Pro ဟာ vlogs တွေလုပ်တဲ့အခါသုံးဖို့ သင့်မြတ်အောင်ပြုလုပ်ထားပါတယ်။ ရှေ့ဘက်မှာတော့ f/2.0 aperture 32-megapixel selfie camera ကိုသုံးပေးထားပါတယ်။

Mi CC9 Pro ရဲ့ Camera Setup က MP အများကြီးသုံး Lens တွေ ၅ ခုလောက်သုံးပြီး ကြမ်းပြနေသလို DxOMark benchmarks မှာလည်း အမှတ်အများဆုံးနဲ့ Mate 30 Pro နဲ့ တန်းတူဦးဆောင်နေပါပြီ။ Mi CC9 Pro နဲ့ Mate 30 Pro တို့ဟာ အမှတ်တူ 121 မှတ်နဲ့ ထိပ်ဆုံးမှာရှိ‌နေကြပါတယ်။ Mi CC9 Pro ရဲ့ DxOMark score ဟာ photography tests မှာ 130 points နဲ့ videography tests မှာ 102 points ရရှိထားပါတယ်။

Mi CC9 Pro က OPPO Reno2 လို့ Upper Mid-range SoC ဖြစ်တဲ့ Snapdragon 730G ကို အသုံးပြုပေးထားပါတယ်။ Octa-core CPU ဖြစ်ပြီး Performance Core 2 လုံးပါ၀င်တဲ့ SoC ဖြစ်ပါတယ်။ SoC နဲ့အတူ RAM အနေနဲ့ 8GB/6GB ၂ မျိုး ထွက်လာမှာဖြစ်ပါတယ်။ CC9 Pro အမြင့်ဆုံး Model ဟာ 256GB UFS 3.0 storage ပါရှိပါတယ်။ ဖုန်းအတွက် Battery ကိုတော့ ကြီးမားတဲ့ 5,260mAh ထည့်သွင်းထားပြိ နောက်ထပ် ၀မ်းသာစရာက 30W fast charging ကို ထောက်ပံ့ပေးထားပါ‌သေးတယ်။ အဲ့တာက ဖုန်းကို 65 minutes အတွင်း အားအပြည့်ဖြည့်ပေးနိုင်မှာပါ။

Xiaomi Mi CC9 Pro is official with a 108 MP penta-camera

Xiaomi Mi CC9 Pro မှာ Android 9 Pie OS နဲ့ MIUI 11 တို့ run ‌ပေးထားပါတယ်။ Game Turbo 2.0 technology ပါ၀င်ထားပြီး ဂိမ်းဆော့နေချိန်မှာ GPU performance ကို အရှိန်မြင့်ပေးလာနိုင်မှာပါ။ ဖုန်းမှာ Dual 4G VoLTE ၊ Wi-Fi 802.11ac ၊ Bluetooth 5.0 ၊ GPS ၊ Multi-functional GPS ၊ IR blaster ၊ USB-C နဲ့ 3.5mm headphone jack တို့ပါ၀င်ထားပါသေးတယ်။ နောက်ဆုံးအနေနဲ့ Mi CC9 Pro မှာ 1CC Large loudspeaker ကို smart PA နဲ့တွဲပေးထားပြီး တစ်ခြားဖုန်းတွေရဲ့ Speaker တွေနဲ့ယှဉ်ရင် အသံနှစ်ဆ ထုတ်ပေးလာမှာပါ။ Hi-Res audio ကိုလည်း ထောက်ပံ့ ပေးထားပြီး ဖုန်းရဲ့ အတိုင်းအတာ 157.8 x 74.2 x 9.67mm ရှိပြီး အလေးချိန် 208 grams ရှိပါတယ်။

Xiaomi Mi CC9 Pro is official with a 108 MP penta-camera

Xiaomi Mi CC9 Pro ရဲ့ အမျိုးအစားတွေနဲ့ ဈေးနှုန်းတွေကို အောက်မှာဖော်ပြထားပါတယ်။

6 GB RAM + 128 GB storage – 2,799 Yuan (~$399) မြန်မာငွေ ၆ သိန်း ၁ သောင်း၀န်းကျင်
8 GB RAM + 128 GB storage – 3,099 Yuan (~$442) မြန်မာငွေ ၆ သိန်း ၈ သောင်း၀န်းကျင်
8 GB RAM + 256 GB storage (Premium Edition) – 3,499 Yuan (~$499) မြန်မာငွေ ၇ သိန်း ၆ သောင်းကျော်၀န်းကျင်

အရောင်အနေနဲ့ Magic Green ၊ Ice and Snow Aurora နဲ့ Phantom Black ဆိုပြီး အရောင်သုံးရောင်ရလာမှာပါ။ ဒီနေ့စပြီး ဖုန်းကိုကြိုတင်၀ယ်ယူလို့ရပြီဖြစ်ပါတယ်။ Nov.11 မှာတော့ စတင်၀ယ်ယူလို့ရတော့မှာပါ။ Xiaomi အနေနဲ့ Mi CC9 Pro အတွက် အထူး Case aka cover တွေကိုပါ ရောင်းချလာမှာပါ။ နိုင်ငံတစ်ကာဈေးကွက်မှာတော့ Xiaomi အနေနဲ့ Mi CC9 Pro ကို Xiaomi MI Note 10 အနေနဲ့ရောင်းချလာမှာပါ။ စပိန်မှာလည်း ဖုန်းကို မနက်ဖြန်မှာ တရား၀င်မိတ်ဆက်လာတော့မှာပါ။ Xiaomi အနေနဲ့ Mi Note 10 Pro ကို နိုင်ငံတကာဈေးကွက် အတွင်း များမကြာမီအချိန်အတွင်း ထုတ်လာနိုင်ပါတယ်။

Ref: Gizmochina