fbpx

This is digital planet.

RedmiTech NewsXiaomi

Xiaomi ရဲ့ နောက် Flagship ဖုန်းမှာ 8K video recording ကို ထောက်ပံ့လာနိုင်

Mi MIX Alpha ဟာ သူ့ရဲ့ ထူးခြားတဲ့ Design နဲ့ 108MP primary camera ကြောင့် သတင်းတွေမှာ နာမည်ကြီးနေပါတယ်။ အခုလည်း နောက် Flagship ဖုန်းအတွက် သတင်းတွေမှာ ထွက်ပေါ်လာပြန်ပါပြီ။

Xiaomi ရဲ့ နောက် Flagship ဖုန်းမှာ 8K video recording ကို ထောက်ပံ့လာမယ့် သတင်းကို XDA-Developers ကနေတွေ့ခဲ့ပါတယ်။ အဲ့တာကအရမ်းကြီး ထူးခြားမနေပါဘူး အကြောင်းက Nubia Z20 နဲ့ the Red Magic 3s မှာလည်း 8K video recording ကိုရနေလို့ပါ။ ဒါပေမယ့် အဲ့ဖုန်းတွေဟာ 8K video recording ကို 15fps မှာပဲရိုက်နိုင်ပြီး အဲ့ အမည်မသိ Xiaomi ဖုန်းကတော့ 30fps မှာရိုက်နိုင်မှာပါ။

Xiaomi working on a phone which can record 8K video at 30fps

တရုတ်အတွက် မကြာသေးခင်က ထွက်ခဲ့တဲ့ MIUI beta update ထဲက MIUI Camera app teardown ကနေ ဖုန်းဟာ 30fps 8K (4320) recording ကိုရိုက်နိုင်မယ်လို့ဖော်ပြထားတယ်။ Teardown မှာ 8K 30FPS ပုံပါရှိပြီး အဲ့တာက Camera app ထဲက Recording Icon ဖြစ်ပုံရှိပါတယ်။

8K Video Recording ဟာ Qualcomm ရဲ့ နောက် Flagship Processor Snapdragon 865 မှာ လွယ်လွယ်ကူကူပဲ ပါ၀င်လာနိုင်တယ်လို့ မှန်းစရပါတယ်။ Upgrade လုပ်ထားတဲ့ Internet Service Provider နဲ့အတူ 4320@30fps ဟာ အောင်မြင်လာနိုင်ခြေရှိပါတယ်။

8K video recording ရလာမယ့် ဖုန်းရဲ့ နာမည်ကို မသိရသေးပါဘူး။ အဲ့ Feature ဟာ Redmi ရဲ့ နောက် Flagship ဖုန်း Redmi K30 Pro မှာပါ၀င်လာနိုင်ခြေရှိပါတယ်။

Ref: Gizmochina