fbpx

This is digital planet.

Tech NewsXiaomi

Xiaomi ရဲ့နောက်ဖုန်းတစ်လုံးဟာ 48 megapixels နဲ့လာနိုင်ပါတယ်။

Zawgyi






Unicode

Sony နဲ့ Samsung တို့ဟာ Smartphone sensor ကို 48 megapixels ထိပိုင်ဆိုင်ထားကြပါတယ်။ အစောဆုံး 41MP ကို Nokia ကသုံးခဲ့ပြီး Huawei Mate 20 Pro and P20 Pro ကလဲ 40MP ထိတိုးသုံးလာကြပါတယ်။ အခုလို megapixels ပြိုင်ပွဲကို restart ချလိုက်တဲ့အခါ Xiaomi ကကော Huawei ထက်သာအောင်လုပ်နိုင်ပါ့မလား??? 

Xiaomi ရဲ့ President Lin Bin က Weibo မှာ သူရဲ့ Mi Mix 3 Slider နဲ့ Post တစ်ခုကိုတင်ခဲ့ပါတယ်။ အဲ့ပိုစ့်မှာ ပါတဲ့ပုံက 48MP Camera ဆိုပြီး ပြတ်သားနေတဲ့ စာနဲ့အတူ Dual LED Flash ကိုလဲတွေ့ရမှာပါ။ Lens ဘယ်နှစ်လုံးပါလဲဆိုတာ မသိရပေမဲ့ Volumes Rocker ကို ဖုန်းရဲ့ ညာဘက်ခြမ်းမှာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ပုံအရ ဖုန်းတစ်ခုလုံးရဲ့ ဘယ်ဘက်အပေါ်ခြမ်းမှာ Position ချထားသလိုပါ။ 

Lin Bin ဟာ ဒီဖုန်းနဲ့ပက်သက်ပြီး Sharing မလုပ်ခဲ့ပေမဲ့ January လမှာမိတ်ဆက်မဲ့ ဖုန်းအသစ်တစ်လုံးဖြစ်နိုင်ပါတယ်။ ပြီးတော့ Xiaomi အနေနဲ့ World’s first smartphone with 48MP ကြော်ငြာနိုင်သလို ဒါဟာ Sony ရဲ့ IMX586 နဲ့ Samsung ISOCELL Bright GM1 Features တွေပါလာဖို့များပါတယ်။ 

ဒီ Sensor ၂ ခုလုံးမှာ Pixel Size 0.8 micron ပါဝင်ပြီး Pixel Binning Algorithm (4 Pixels to One) ကိုလုပ်ဆောင်နိုင်ပါတယ်။ မှောင်တဲ့အချိန်မှာ 1.6 micron pixel နဲ့ အလင်းဖမ်းအားကောင်းအောင်ဖန်တီးနိုင်ပါတယ်။ Flagship ဖုန်းတွေက 1.55 micron ကိုသုံးတာပါ။ 48MP ဖြစ်တဲ့အတွက် Detail မကျတဲ့ Digital Zoom ကိုလုပ်နိုင်တယ်။ 4x Zoom ကိုလည်း 12MP Crop အနေနဲ့ဖန်တီးနိုင်ပါတယ်။ Video Shooting အတွက်တော့ Electronic Stablizer ကိုသုံးရမှာပါ။ 

နောက်ပိုင်း Company တော်တော်များများ သူတို့ဖုန်းတွေရဲ့ Camera ပိုင်းကို ပိုကောင်းအောင် Tuning လုပ်လာကြပါတယ်။ ဒါဟာ Xiaomi ရဲ့ Strong Point မဟုတ်ပေမဲ့ January လမှာ ကျွန်တော်တို့ကို အံသြစရာကောင်းတဲ့ ဖုန်းတစ်လုံးအဖြစ် ချပြနိုင်မယ်ထင်ပါတယ်။