fbpx

This is digital planet.

NewsSamsung

Xiaomi ရဲ့ Triple Camera ပါဝင်မယ့် Foldable Phone ကို EUIPO မှာ Design ပိုင်း မှတ်ပုံတင်

Xiaomi ဟာ EU Intellectual Property Office မှာ သူတို့ရဲ့ Foldable Phone အတွက် Design ကို စာတင်ခဲ့ပါတယ်။ Technical ပုံဆွဲထားတဲ့အရဆိုရင် ရင်းနှီးပြီးသားဖြစ်တဲ့ dual-fold design ကိုပြထားပြီး နောက်ဘက်မှာ Triple Camera သုံးလာမယ်လို့ ဖော်ပြထားပါတယ်။

အရင်တုန်းက Xiaomi တင်ခဲ့တဲ့ Videos တွေအရ ဖုန်းကိုသုံးပိုင်းခွဲပေးထားပြီး ဘယ်ဘက် နဲ့ ညာဘက်အပိုင်းဟာ အလယ်ပိုင်းရဲ့ နောက်ဘက်ကို ခေါက်ထားလို့ ရနိုင်တာကိုတွေ့နိုင်ပါတယ်။
အဲ့လိုခေါက်လိုက်တာနဲ့ Camera ကိုဖုံးသွားမှာပါ။

ဒါပေမယ့် Camera ကိုဖုံးသွားမှာက Video ထဲမှာမပြထားပါဘူး။တစ်ခြားနည်းနဲ့ Camera ကိုပြုပြင်လာနိုင်ပါတယ်။ပုံကြမ်း Design မှာ Selfie Camera ကိုမတွေ့ရတဲ့အတွက် Pop up Selfie Camera ကိုပဲအသုံးပြုလာနိုင်ပါတယ်။

အောက်က Unofficial renders က ဘယ်ဘက်ထောင့်ကပုံမှာ ခေါက်ထားတဲ့အပိုင်းတွေက secondary rear display ကိုပြုလုပ်ပေးနိုင်ပေမယ့် အဲ့အတွက် Camera ကိုဖုံးသွားပါတယ်။

Xiaomi ရဲ့ Foldable ဖုန်းဟာ Q2 မှာထွက်ရှိဖို့ရှိနေပြီး Samsung ရဲ့ Galaxy Fold ထက် ဈေးတစ်ဝက်ပဲရှိလာနိုင်ပါတယ်။ Samsung အနေနဲ့ Galaxy Fold ရဲ့ Review Units တွေကိုပြန်သိမ်းပြီး မိတ်ဆက်မယ့် ရက်ကိုရွှေ့ဆိုင်းခဲ့ပါတယ်။အဲ့ကနေ Foldable ဖုန်းတွေထွက်ရှိတော့မယ့် Companies တွေ အသံတိတ်ကုန်ကြပါတယ်။ – Samsung ၊ Huawei ၊ Xiaomi နဲ့ တစ်ခြား Companies တွေအနဲ့ Foldable Phone စတင်မိတ်ဆက် ရောင်းချမည့်ရက်ကို ဖော်ပြဖို့ခက်ခဲနေတယ်လို့ဆိုရတော့မှာပါ။

Ref: GSMARENA

Related posts
NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

HuaweiNews

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ