This is digital planet.

Tech NewsXiaomi

Mi 9 SE MIUI Update အသစ်တွင် Mi 9 ကဲ့သို့ Moon Mode ရရှိ

2019 မတ်လမှာ Huawei က မိုင်ပေါင်း ၂ သိန်း ၄ သောင်း ကျော် အဝေးမှာ ရှိတဲ့ လ ပုံကိုကြည်ကြည်လင်လင်ပြတ်ပြတ်သားသား အနီးကပ်ရိုက်ကူးနိုင်မယ့် P30 pro ကိုမိတ်ဆက်ခဲ့ပါတယ်။ P30 Pro က Smartphone Camera တွေ မှာ Generation တစ်ခု မြင့်ပေးလိုက်တဲ့ ဖုန်းတစ်လုံးပါ။ Xiaomi ကလည်း အားကျမခံ အနိုင်မခံအရှုံးမပေး လ ကိုရှင်းရှင်းလင်းလင်းရိုက်ကူးနိုင်မယ့် AI Feature နှင့် Moon mode ကို Flagship တစ်လုံးဖြစ်တဲ့ Mi9မှာ software update နှင့်အတူ ထည့်သွင်းခဲ့ပါသေးတယ်။ တကယ်တော့ Moon mode တွေ က AI မပါပဲ ရိုက်ဖို့ နည်းနည်း လိုအပ်ပါသေးတယ်။

ဒီ Mi 9 မှာ လပုံကိုရှင်းရှင်းလင်းလင်းရိုက်ချင်တယ်ဆိုရင်တော့ AIဖွင့်ရိုက်ရမှာဖြစ်ပါတယ်။ AI ကိုဖွင့်ပြီးတဲ့အခါ 4x zoom လောက် ဆွဲလိုက်ရင် Low light mode နဲ့ Moon mode ဆိုပြီး Option2 ခုပေါ်လာပါလိမ့်မယ်။ ကျွန်တော်တို့က လ ကို ဖမ်းမှာဖြစ်တယ့်အတွက် Moon mode ကို on ပြီး 20x လောက်ထိ Zoom ထပ်ဆွဲရပါမယ်။ အဲ့အခါကြ ရှင်းလင်းပြတ်သားတယ့် လပုံကိုရရှိမှာဖြစ်ပါတယ်။

Moon mode ကိုXiaomi ရဲ့Flagship တွေမှာပဲ မျှော်လင့်လို့ရမယ်ထင်ထားတာပါ။ ခုတော့ Mi 9 SE မှာပါ Supportပေးပါတော့မယ်။ MIUI Update မှာ Moon mode ကို Mi 9 SE အတွက်ထည့်သွင်းပေးထားမယ်လို့ဆိုပါတယ်။ Mi 9 SE User တွေအတွက်တော့ သတင်းကောင်းတစ်ခုပါ။ MIUI Update အသစ်မှာဆိုရင် Moon mode အပြင် AI Smart Photo Album နဲ့ Game Turbo လို့အမည်ရတယ့် Game booster ကိုလည်းထည့်သွင်းပေးထားမယ်လို့ဆိုပါတယ်။ ဒီလို AI Featureတွေကြောင့် Mi 9 SE ဟာ Midrage market မှာ all rounderကောင်းတယ့် Smart phone တစ်လုံးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

Ref: GSMArena