fbpx

This is digital planet.

Tech NewsXiaomi

Xiaomi ဟာ Camera Slider နဲ့ ကျောဘက်မှာ Cameras လေးလုံးအသုံးပြုဖို့ မူပိုင်ခွင့်တင်…

Xiaomi ဟာ Camera လေးလုံးအသုံးပြုလာမယ့် Device အတွက် CNIPA (Chinese National Intellectual Property Agency) မှာ အမျိုးသား တရုတ် မူပိုင်ခွင့်ဌာနမှာ မှတ်ပုံတင်ခဲ့ပါတယ်။ ရှေ့ဘက်မှာ Screen ကအပြည့်ဖြစ်ပြီး Dual selfie cameras နဲ့ LED flash က Mi Mix 3 လို Mechanical Slide ထဲမှာ ဝှက်ထားပါတယ်။ Concept ပုံအရ ဖုန်းရဲ့ ပုံစံက Moto ရဲ့ ကျောဘက် design နဲ့ တော်တော်လေးဆင်ပါတယ်။ Fingerprint ကို Back မှာမတွေ့ရတဲ့အတွက် Under the display Fingerprint ကိုသုံးလာနိုင်ပါတယ်။ အဲ့ဒီအတွက် AMOLED display တော့သုံးလာမယ်ထင်ပါတယ်။

Xiaomi မှတ်ပုံတင်ထားတဲ့ ပထမ Option Concept ရဲ့ Overall ပုံစံက လက်ခံနိုင်ဖို့ကောင်းပါတယ်။ ဖုန်းအာက်ခြေမှာတော့ 3.5 mm Headphone Jack တော့မပါတော့ဘဲ USB-C port ပါဝင်လာမှာပါ။ နောက်ထပ် မှတ်ပုံတင်ထားတဲ့ Concept တစ်ခုကတော့ ဖုန်းကျောဘက်မှာ ဒေါင်လိုက် ပုံစံ Cameras သုံးလုံးကိုတွေ့နိုင်ပြီး ရှေ့ဘက်မှာတော့ Dual Cameras ကိုတွေ့ရမှာပါ။ Waterdrop ပုံစံ notch ကိုမသုံးထားတော့ဘဲ လှိုင်းတွန့်ပုံစံ Notch က တခြား Notch တွေထက် သေးဖို့ ပြုလုပ်ထားတဲ့ပုံစံပါ။

အဲ့ဒီ Concept မှာလည်း Fingerprint Scanner ကိုမတွေ့ရပါဘူး။ Xiaomi ဟာ Mi CC9e/Mi A3 စတဲ့ Mid Rangers တွေရဲ့ Fingerprint က OLED Panel ရဲ့အောက်မှာရှိတာမလို့ အခု Concept ရဲ့ဖုန်းမှာ Under display fingerprint ကိုအသုံးပြုလာနိုင်ပါတယ်။ အဲ့ Concept တွေအရ ဖုန်းအစစ်အနေနဲ့ထွက်လာနိုင်သလို Xiaomi ကမူပိုင်ကိုကာကွယ်ဖို့ သက်သက်ရေးဆွဲထားနိုင်ပါတယ်။ တစ်ကယ်တန်းထွက်လာမှပဲ အတိအကျသိရမှာပါ။

Ref: GSMArena