fbpx

This is digital planet.

Tech NewsXiaomi

Xiaomi ဟာ Wireless charging technology အသစ်ကို မိတ်ဆက်ဖို့ရှိနေ

Xiaomi အနေနဲ့ လက်ရှိမှာ အမြန်ဆုံး wireless charging technology စံချိန်ကိုထိန်းသိမ်းထားပါတယ်။ အဲ့တာကတော့ Mi 9 မှာ စတင်အသုံးပြုထားတဲ့ 20W fast wireless charging technology ပဲဖြစ်ပါတယ်။ အခုလောလောဆယ် Mi 9 မှာပဲ အဲ့ Technology ကိုရထားပါတယ်။ ကျန်‌တဲ့ Xiaomi Devices တွေမှာ ပါ၀င်လာခြင်းမရှိသေးပါဘူး။ အခု Xiaomi ဟာ လက်ရှိ 20W fast wireless charging technology ထက်ပိုကောင်းလာမယ့် wireless charging technology အသစ်ကို မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။

အဲ့အကြောင်းကိုတော့ Xiaomi ရဲ့ Weibo Account ကနေ ကြေညာခဲ့ပြီး အဲ့ Wireless charging technology အသစ်ဟာ 5G ခေတ်နဲ့ လိုက်ဖက်အောင် Design ပြုလုပ်ထားတယ်လို့ဆိုပါတယ်။ အနာဂတ်မှာ Wired charging ထက် wireless charging technology က ပိုသာလာမယ့်အကြောင်းကို Charge-time graph နဲ့ Poster မှပြထားပါတယ်။

Xiaomi ရဲ့ Wireless charging technology အသစ်ဟာ 20W wireless charging ထက်ပိုမြန်လာမှာတော့ သေချာနေပြီး အရင်လတုန်းက FCC ကနေ Certified ဖြစ်ထားတဲ့ Huawei ရဲ့  30W Wireless charger ကိုကျော်မလားဆိုတာတော့ မသိရသေးပါဘူး။ အဲ့ 30W wireless charger ဟာ Mate 30 Pro မှာ 25W အထိပဲ အားဖြည့်ပေးနိုင်မှာပါ။

Xiaomi ဟာ အဲ့ဒီ wireless charging technology အသစ်ကို 5G devices တွေအတွက် ရောင်းချဖို့ ကြော်ငြာနေပါတယ်။ အကြောင်းက 5G Phones တွေဟာ အားပိုစားတဲ့အတွက် ပိုများတဲ့ Battery လိုအပ်လာလို့ပဲ ဖြစ်ပါတယ်။ အဆိုပါ Wireless charging technology အသစ်ထွက်ရှိလာရင်တော့ Xiaomi ရဲ့ မကြာခင်ထွက်ရှိလာတော့မယ့် 5G Devices တွေဖြစ်တဲ့ Mi 9S နဲ့ Mi MIX 4 5G မှာအသုံးပြုလာနိုင်ပါတယ်။

Ref: Gizmochina