fbpx

This is digital planet.

Tech NewsXiaomi

Xiaomi အနေနဲ့ ‌ထောင့်ဘက် Selfie Camera Design ကို မူပိုင်ခွင့်တင်

Full-screen front design ဟာ အခုနောက်ပိုင်းမှာတော်တော်လေးတွေ့မြင်လာရပါတယ်။ OPPO နဲ့ Xiaomi ဆိုရင်လည်း Transparent Display ကို တွဲသုံးပြီးတော့ Camera ကို Panel အောက်မှာ မြုပ်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် full-screen ပါတဲ့ဖုန်းအများစုဟာ high-end ဖုန်းတွေနဲ့ mid-range ဖုန်းတွေပဲဖြစ်ကြပါတယ်။ အဲ့အတွက် Low-End မှာကော? အဲ့အတွက် Xiaomi မှာ တိကျတဲ့ ဖြေရှင်းချက်ကို ပြုလုပ်နေတယ်လို့ နောက်ဆုံးတင်ထားတဲ့ မူပိုင်ခွင့်မှာ တွေ့လာရပါတယ်။

အခုဖော်ပြထားတဲ့ပုံတွေအရ Front-facing camera ဟာ ဖုန်းရဲ့ ရှေ့ဘက် အပေါ်ထောင့် မှာထည့်ထားတဲ့ ဖုန်း Design ကိုတွေ့ရမှာပါ။ အဲ့လို Front Facing Camera ကိုဖြတ်ပြီးထည့်ထားတဲ့ပုံစံဟာ အခုလက်ရှိ Punch-hole ထက်ပိုသေးတယ်လို့ ပြောရမှာပါ။ တစ်ချို့သောပုံတွေမှာ Front Facing Camera ကိုဖြတ်ပြီးထည့်ထားစရာ မလိုအပ်ဘူးလို့ ‌ဖော်ပြထားပါတယ်။

ပုံတွေအရ ထူးဆန်းနေပေမယ့် Dual Front Facing Cameras တွေဟာလည်း ခေတ်စားလာနေပြီဖြစ်တဲ့အတွက် Xiaomi ရဲ့ဖြေရှင်းချက်ဟာ သင့်တင့်နေပါတယ်။

Ref: GSMArena
Photos: TigerMobiles & The India Express