fbpx

This is digital planet.

RedmiTech NewsXiaomi

Xiaomi အနေနဲ့ 108MP rear cameras သုံးလာမယ့် ဖုန်းလေးလုံးကို ပြုလုပ်နေ

Samsung ဟာ သူတို့ရဲ့ 108MP sensor ကိုကြေညာခဲ့ပြီး အဲ့တာက Xiaomi နဲ့ပူးပေါင်းပြီး ပြုလုပ်ထားပါတယ်။ ISOCELL Bright HMX sensor ဟာ Xiaomi phone မှာ ပထမဆုံး‌သုံးလာမယ်လို့ မျှော်လင့်ထားကြပါတယ်။ တစ်ချို့သူတွေက အဲ့ဖုန်းဟာ မကြာခင်ထွက်ရှိလာတော့မယ့် Mi MIX 4 flagship ဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။ အခုထွက်လာတဲ့ သတင်းအရ Xiaomi ဟာ 108MP sensor သုံးလာမယ့် ဖုန်း အနည်းဆုံးလေးမျိုးကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

အဲ့သတင်းရဲ့ Source ကတော့ XDA-Developers ကနေဖြစ်ပြီး အဲ့မထွက်ရှိသေးတဲ့ဖုန်းတွေရဲ့ အထောက်အထားကို MIUI Gallery App ထဲမှာ တွေ့ခဲ့တာပါ။ သူတို့ပြောပုံအရ MIUI Gallery App ထဲ မှာ Full Resolutionနဲ့ 108MP photos တွေကြည့်ခြင်းကို Support လာကြောင်းကို ထည့်ပေးထားတယ်လို့သိရပါတယ်။ “tucana”၊“draco”၊“umi” နဲ့“cmi”လို့ Codename ပေးထားတဲ့ 108MP Sensor Support လာမယ့် Devices လေးမျိုးကို အဲ့ App ထဲမှာ တိတိကျကျ စာရင်းလုပ်ပေးထားပါတယ်။ အဲ့ Devices လေးမျိုးဟာ Xiaomi နဲ့ Redmi brand အောက်မှာ ထွက်ရှိလာနိုင်ပါတယ်။ XDA-Developers ရဲ့ သတင်းအရ အဲ့ Devices လေးမျိုးစလုံးဟာ MI MIX 4 မဟုတ်ဘူးလို့ သိရပါတယ်။

လက်ရှိ အဲ့ Devices တွေရဲ့ Specifications နဲ့ ဘယ်အချိန်မှာ ထွက်ရှိလာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ဒီနှစ်ကုန်ဖို့ လေးလပဲကျန်တော့ တဲ့တွက် Xiaomi နဲ့ Redmi ဟာ ဖုန်းအသစ်တွေကို မိတ်ဆက်ဖို့မပြီးလောက်သေးပါဘူး။ အဲ့ဖုန်းတွေမှာသုံးလာမယ် Sensor ဟာ Samsung ISOCELL Bright HMX ပဲဖြစ်လာနိုင်ပါတယ်။ အကြောင်းက 108MP Sensor ကိုဘယ် Camera ကုမ္ပဏီကမှ မိတ်ဆက်ထားခြင်းမရှိသေးလို့ပါ။ ဒါ့အပြင် MI MIX 4 ဟာ လည်း 108MP sensor သုံးလာနိုင်မယ့် ပထမဆုံး ဖုန်းဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အခုထိ ဘာအထောက်အထားမှ‌ မရှိသေးပါဘူး။

Ref: Gizmochina