fbpx

This is digital planet.

RedmiTech NewsXiaomi

Xiaomi အနေနဲ့ Redmi K20 Pro အတွက် Stable Android 10 ကို Google နဲ့ရက်အတူတူ ထုတ်ပေး

Google ဟာ Pixels ဖုန်းတွေ အတွက် Stable Android 10 ကို မနေ့က (4,3,2019) ထုတ်ပေးခဲ့ပါတယ်။ ထုံးစံအတိုင်း Essential Phone တွေမှာလည်းအဲ့ Update ကိုရခဲ့ပါတယ်။ နောက် Android 10 ကိုထုတ်ပေးမယ့် OEM ကသင့်ကို Suprise ဖြစ်စေမှာပါ။ သူကတော့ Xiaomi ဖြစ်ပြီး China နဲ့ India က Redmi K20 Pro အတွက် အဲ့ Update ကိုရရှိနေပါပြီ။

Redmi K20 Pro အတွက် နောက်ဆုံးထွက် MIUI 10 update မှာ Stable Android 10 ပါ၀င်လာခဲ့ပါတယ်။ အဲ့တာကအထင်းကြီးစရာကောင်းနေတယ်။ Essential မှာက Stock Android ကို Run တဲ့ ဖုန်းတစ်လုံးသာရှိနေတဲ့အတွက် Updates ရတာမြန်ပါတယ်။ Xiaomi မှာ Devices အများကြီးရှိနေပြီး MIUI ကို Run ထားတဲ့အတွက် Update ပေးဖို့အချိန်ယူသင့်သလို အခုလိုမြန်မြန်ထုတ်ပေးလိုက်တာက စိတ်၀င်စားစရာရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ အခြား Original equipment manufacturers (OEMS) တွေတောင် Update ပေးဖို့နောက်ကျနေချိန်မှာ Pure Android တင်မဟုတ်ပဲ UI အုပ်ထားတဲ့ Update ကို ထုတ်ပေးတာက မြန်လွန်းတယ်လို့ပြောရမှာပါ။

အကြောင်းရင်းကတော့ Xiaomi အနေနဲ့ အရင်လတုန်းက Android 10 ကိုအ‌ခြေခံလာမယ့် MIUI အတွက် Beta Testers တွေကိုစုဆောင်းနေခဲ့ပါတယ်။ အဲ့ကတည်းက ကြီးမားတဲ့ထုတ်ပြန်မှုကိုလုပ်တော့မယ်ဆိုတာ သိသာနေပါတယ်။ August 9 တုန်းက Android 10 beta ကို K20 Pro မှာစတင်ပေးခဲ့ပါတယ်။ အခု Stable Update တွေ China နဲ့ India မှာ စတင်ရရှိနေပါပြီ။

European/international မှာ K20 Pro အစားထုတ်ထားတဲ့ Mi 9T Pro အတွက် Download Link တော့ထွက်ရှိလာခြင်းမရှိသေးပါဘူး။ ဒီက K20 Users တွေအတွက် China Stable ကို ပဲ Download ရမှာပါ။ အခြား Brands တွေလဲ အဲ့လိုရနိုင်ဖို့ မျှော်လင့်လို့ရနေပါပြီ။

Ref: xda-developers