fbpx

This is digital planet.

Tech NewsXiaomi

Xiaomi အနေနဲ့ September 24 မှာ Mi Mix 5G, Mi 9 Pro 5G နဲ့ MIUI 11 ကိုတရား၀င်မိတ်ဆက်လာတော့မယ်

Xiaomi ရဲ့ ဒုတိယနှစ်၀က် Flagship ညီလာခံကတော့ တရား၀င်စီစဉ်ထားပြီးပါပြီ။ Company ဟာ September 24 မှာ Xiaomi Mi Mix 5G နဲ့ Mi 9 Pro 5G စတဲ့ Smartphone အသစ်‌တွေကို မိတ်ဆက်လာတော့မှာပါ။ ဖုန်းမိတ်ဆက်မှုနဲ့အတူ MIUI 11 OS နဲ့ Mi TV အသစ်ကိုပါ မိတ်ဆက်လာမှာပါ။

Company ကတော့ Mix Series အသစ်တွေရဲ့ နာမည် အစီအစဉ်ကို ပြောင်းလာမယ့်ပုံပါ။ Mix Mix 4 နာမည်ကို မယူတော့ဘဲ Mi Mix 5G လို့‌ခေါ်လာနိုင်ပါတယ်။ Xiaomi ရဲ့ official teaser မှာတော့ ဖုန်းနှစ်လုံးကို concept phones တွေအနေနဲ့ Tag ထားပါတယ်။ အစောပိုင်းတုန်းက အတည်ပြုထားတဲ့အတိုင်း Mi 9 Pro 5G မှာ ကမ္ဘာပေါ်မှာ အမြန်ဆုံး 30W fastest wireless charging technology ပါ၀င်လာမှာပါ။ Mi Mix 5G မှာလည်း အဲ့ 30W fastest wireless charging technology ပါ၀င်လာဖို့ရှိနေပါတယ်။

အဲ့ဖုန်း နှစ်လုံးနဲ့အတူ Mi TV model အသစ်ကိုပါ
တစ်ခါတည်းမိတ်ဆက်လာဖို့ရှိပါတယ်။ အဲ့ TV နဲ့ပတ်သတ်ပြီး Premium 8K resolution ကိုသုံးလာမယ်လို့ပဲသိရသေးပါတယ်။

နောက်ဆုံးတော့ အဲ့ပွဲမှာ MIUI 11 OS အသစ်ကိုပါမိတ်ဆက်လာမှာပါ။ အဲ့ OS အသစ်မှာ updated design နဲ့ voice assistant assisted call screenings စတဲ့ Features တွေပါ၀င်လာမှာပါ။ ပွဲရက်အတိအကျ ထွက်လာပြီမလို့ မကြာခင်မှာ အပေါ်က Products တွေအတွက် Details တွေကို သိလာရတော့မှာပါ။ သင်ကော ဘယ် Products တွေကို စိတ်၀င်စားနေလဲ?

Ref: Gizmochina