fbpx

This is digital planet.

NewsXiaomi

Xiaomi အနေနဲ့နောက်ဘက် Design မှာ Solar Panel ပါဝင်လာမယ့် Smartphone ကို မူပိုင်ခွင့်တင်

တရုတ် Smartphone ပြုလုပ်သူတွေဟာ Design အသစ်အဆန်းကို ပြိုင်ဘက်ကင်းအောင် ထုတ်လုပ်တဲ့နေရာမှာ မြန်ဆန်တယ်လို့ပြောရမှာပါ။ အခု Xiaomi ဟာ နောက်ဘက် Design မှာ Solar Panel ပါဝင်လာမယ့် Smartphone ကို မူပိုင်ခွင့်တင်လိုက်ပါတယ်။ အရင်နှစ် July တုန်းက Solar Cell ပါဝင်လာမယ့် Smartphone အတွက် Xiaomi Mobile Software ဟာ WIPO (World Intellectual Property Office) မှာ မူပိုင်ခွင့်တင်ခဲ့ပါသေးတယ်။ တစ်ကယ်လို့ အဲ့လိုဖုန်းဈေးကွက်မှာ ထွက်ရှိလာရင် ဘယ်လိုပုံစံရှိလာနိုင်မလဲဆိုတာကို ခန့်မှန်းနိုင်ဖို့ နောက်ဘက် Design ပုံကြမ်းကိုတွေ့ရမှာပါ။

ပုံကြမ်းအရ အဲ့ဖုန်းမှာ ဘာ Notch မှာမပါလာတဲ့အတွက် Front Facing Camera ကို ဘယ်နားမှာထားလဲ ဆိုတာကို မသိရပါဘူး။ Pop up camera အတွက်လည်း ဘာအရိပ်အယောင်မှ မတွေ့ရပါဘူး။ အရင်တုန်းက Xiaomi ဖော်ပြထားတဲ့ Display camera technology ကို အခုဖုန်းမှာ တပ်ဆင်လာနိုင်ပါတယ်။

နောက်ဘက်မှာတော့ Dual Cameras နှစ်ခုကြားမှာ LED Flash နဲ့တွဲထားတာကို တွေ့နိုင်ပါတယ်။ Fingerprint Sensor ကိုလည်းမတွေ့ရတဲ့အတွက် ရှေ့ဘက် Screen မှာ In-display fingerprint ကို အသုံးပြုလာနိုင်ပါတယ်။
Solar Panel က ဖုန်းရဲ့ Back နေရာများများယူထားတဲ့အတွက် အထင်ရှားဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် Camera တွေလို ထူမနေဘဲ ပါးတာကိုတွေ့ရမှာပါ။ အဲ့လို Solar Panel နဲ့ပေါင်းထားတဲ့အတွက် ဖုန်းကို Solar Energy နဲ့ အားသွင်းလို့ရမှာဖြစ်ပါတယ်။ တစ်ချို့ Companies တွေမှာ Solar-powered smartphone အတွက် Idea တွေရှိနေပြီးသားဖြစ်ပါတယ်။ အခု Xiaomi က အဲ့ဒါကို အကောင်အထည်ဖော်နေပြီလို့ ပြောရမှာပါ။

ဖုန်းထွက်ရှိမယ့်ရက်အတွက် သတင်းအတိအကျတော့မရသေးပါဘူး။ အဲ့မူပိုင်ခွင့်သာရရှိခဲ့ရင် Xiaomi အနေနဲ့ ဖုန်းကို ဈေးကွက်ထဲမှာရောင်းချဖို့ လက်တွန့်မှာမဟုတ်ပါဘူး။

Ref: Gizmochina

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်