fbpx

This is digital planet.

Tech NewsXiaomi

Black Shark 3 ဂိမ်းမင်းဖုန်းကို ကြေညာလိုက်ပြီ

မထွက်ခင်တုန်းက QHD+ Resolution မှာ 120Hz Refresh Rate နဲ့လာမယ်လို့ ကြွားလုံးထုတ်ခဲ့တဲ့ Black Shark 3 အခု တရားကြေညာလိုက်တဲ့အခါ ဘာတွေကွာသွားပြီလဲ? High-end (S20 Series) တွေချည်း ထွက်နေချိန် ငါသာမင်းလောင်း၊ ထီးဖြူဆောင်း နာမည်နဲ့လိုက်အောင် ရွေးချယ်စရာ ဖြစ်နေမလား လေ့လာကြည့်တာပေါ့။

Gaming Centric Design

ဒီဇိုင်းကနေပဲ သုံးသပ်ကြည့်တာပေါ့၊ ကျနော့် Personal Feeling အရ Black Shark 3 ကို မြင်လိုက်တာနဲ့ ဂိမ်းမင်းဖုန်း မဖြစ်ဖြစ်အောင် လုပ်ယူထားတယ်လို့ ခံစားမိတယ်။

အရင်မော်ဒယ်နဲ့ သိပ်မကွာဘူးလို့ ထင်ရပေမယ့် ကင်မရာ ၃ လုံး Centre ထားတဲ့ပုံစံနဲ့ အောက်ဖက် Shark (S) Logo နဲ့ Tencent Logo ထားတဲ့ Position တွေက ဂိမ်းမင်းဆိုတာ ပေါ်လွင်စေတယ်။

Black Shark 3

Image: Android Authority

အစိမ်းရောင် Green Essence သုံးတာ အမြင်အားဖြင့် ဆွဲဆောင်မှုရှိသလို Pro အလုံး ထူးခြားချက်တစ်ခုက Air Sensitive Pop-up ခလုတ်အစား Physical Pop-up Buttons တွေနဲ့ အားဖြည့်လိုက်ပြီ ဖြစ်ပါတယ်။

So-called 90Hz Display

ကယ်..120Hz ရမယ်လို့ ပြောခဲ့တဲ့ စကားတွေ ဘယ်ရောက်သွားပြီလဲ? ခုပြောနေလဲ မထူးတော့ဘူးဆိုတော့ 90Hz က Smooth Gameplay အတွက် အားသာချက်တစ်ခုလို့ ပြောနိုင်တယ်။

ဒါမယ့် ပြိုင်ဖက် ROG Phone 2 ဒုတိယ QHD+ (2560 x 1440) Resolution မှာ 120Hz ပြေးနေတဲ့ Razer Phone 2 တို့ကို Technically မမီသေးဘူး (လုံးဝမမီသေးဘူးလို့ ပြောချင်ပြောနိုင်တယ်)

Black Shark 3 Duo

Pro အလုံးက 7.1” Display နဲ့ ထွက်ရှိလာမယ်၊ Resolution အတိကျ မသိရသေးပေမယ့် QHD+ (3120 x 1440) Resolution မှာပဲ 90Hz Refresh Rate နဲ့ Run မယ်

Black Shark 3

Image: SlashGear

Xiaomi ကတော့ ကမ္ဘာ့ပထမဆုံး ဆိုထားတဲ့ 270Hz Touch-sensing Rate ထည့်သွင်းထားတယ် ဆိုပါတယ်။ Pro မဟုတ်တဲ့အလုံးက 6.67” FHD+ Resolution သုံးထားတယ်။ မော်ဒယ် ၂ မျိုးစလုံးမှာ MEMC Chip သုံးထားပြီး 90fps တင်ပေးနိုင်မယ်၊ 24 Milliseconds Low Latency ရှိတယ်လို့လည်း Claim ထားပါတယ်။

Quality ပိုင်းနဲ့ ပတ်သက်လို့ Gimmick အပြောခံရအောင် 105% DCI-P3 ထောက်ပံ့တယ်လို့ ဆိုပါတယ်။

Liquid Cooling

Black Shark 3 မှာ Improve ဖြစ်လာတာ Thermal Solution လို့ ပြောနိုင်သလို ကျွမ်းကျင်သူတွေ အဆိုရ အရှေ့ ၊ အနောက် Display ၊ ကိုယ်ထည်နေရာတွေမှာ Holes ၊ Cut-outs လုပ်ထားတဲ့ နေရာမရှိဘူး၊ အပူစွန့်ထုတ်ဖို့ ပိုအဆင်ပြေသွားသလို Black Shark 2 စီးရီးတွေထက် Cooling ပိုင်း ပိုကောင်းလာမယ်လို့ ထောက်ပြထားပါတယ်။

Black Shark 3

Image: SlashGear

5G & more

စွမ်းဆောင်ရည်ပိုင်းမှာ ကောလာဟလ ထွက်ထားတဲ့တိုင်း Snapdragon 865 SoC နဲ့ မြင်ရမှာဖြစ်ပြီး Wi-Fi 6 ကိုလည်း ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ Basic RAM အနေနဲ့ 8GB (LPDDR4X) ဒါမှမဟုတ် 12GB (LPDDR5) ပါလာမှာဖြစ်သလို 256GB Basic Storage (Pro Model) အဖြစ် ထည့်သွင်းထားမှာပါ။

သာမန်မော်ဒယ်အတွက် 8GB or 12GB RAM ၊ 128GB Storage ဒါမှမဟုတ် 12GB RAM ၊ 256GB Storage Options အနေနဲ့ ရွေးချယ်နိုင်ပါမယ်။

Pro အလုံးမှာ 5,000 mAh ပါဝင်ပြီး 65W Fast Charging (Wired) သုံးနိုင်မယ်၊ Magnetic Charger သုံးမယ်ဆိုရင်တော့ 18W Speed နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ Black Shark 3 မှာတော့ 4,720 mAh Battery ပါဝင်မှာဖြစ်ပြီး အရည်သွေးပိုင်းမှာတော့ အင်တာနက် စာမျက်နှာ Troll ခဲ့သလို Usable ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Black Shark 3

Image: Engadget

The same Build

Black Shark 3 စီးရီးမှာလည်း Pro မော်ဒယ်ပါဝင်လာပေမယ့် Build Quality ပိုင်း အတူတူပဲလို့ ဆိုပါတယ်။ အရောင်အနေနဲ့ Lightning Black ၊ Armor Gray နဲ့ Star Silver ရွေးနိုင်သလို Pro အတွက် Phantom Black ဒါမှမဟုတ် Armory Gray ၂ မျိုး ရွေးနိုင်မှာပါ။

Cameras

64MP Main Sensor (f/1.8)
13MP Ultra-wide (f/?)
5MP Depth (f/?)
20MP Selfie

Black Shark 3

Image: SlashGear

Pricing??

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံထဲမှာ ရောင်းချသွားဦးမှာဖြစ်ပြီး Global အလုံးကို ကြေညာသွားမယ်။ စျေးနှုန်းတွေက 8GB/128GB မော်ဒယ်ကို ဒေါ်လာ ၅၀၀ (၇ သိန်းဝန်းကျင်) ၊ Pro (8GB/256GB) ဆိုရင်တော့ ဒေါ်လာ ၆၇၅ (၁၀ သိန်းဝန်းကျင်) ကျသင့်မှာပါ။

ဝယ်ယူရရှိနိုင်မယ့် အချိန်ကို မတ်လ ၁၇ ရက်နေ့လို့ ကြေညာထားပြီး Xiaomi Sub-brand ဂိမ်းမင်းဖုန်းသစ်ကို ဘယ်လိုမြင်လဲ?

Source: GSMArenaAndroid Authority