This is digital planet.

Tech NewsXiaomi

10th Comet Lake CPU ၊ Nvidia GeForce MX350 GPU နဲ့ ပွဲထုတ်လာတဲ့ Xiaomi Mi NoteBook Pro 15

ပါးပါးလျလျနဲ့ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Laptop တစ်လုံး ရှာဖွေနေသူတွေအတွက် Xiaomi Notebook အသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းက Razer Blade Stealth V4 (2020)Samsung Galaxy Book 2020 SeriesMicrosoft Surface Book 3 တို့အကြောင်း ဖော်ပြဖူးလို့ Xiaomi Laptop အသစ်မှာ ဘာကွန့်ထားလဲ လေ့လာကြည့်ရအောင်..

Mi NoteBook Pro 15

Ultrabook မဟုတ်လင့်ကစား အတော်သင့် ပါးလွှာမှုရှိသလို အလေးချိန်လည်း ပေါ့ပါးတဲ့အပြင် နောက်ဆုံးပေါ် Hardware အသုံးပြုထားတဲ့အတွက် အကယ်လို့ ရုံးသုံး ၊ ကျောင်းသုံးနဲ့ Multi-media Laptop လိုချင်နေတယ်ဆိုရင် ဝယ်ယူသင့်တယ်လို့ အကြုံပြုချင်ပါတယ်။

Xiaomi Mi NoteBook Pro 15 (2020)

Image: GSMArena

ဘာပြုလို့လဲဆိုတော့ Mi NoteBook Pro 15 (2020) Edition မှာ Comet Lake (သို့) Intel U-series 10th Generation Processor နဲ့ Nvidia GeForce MX350 GPU ပါဝင်လို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်ချက်က Major Upgrade ဖြစ်သလို Core i5-10210U (သို့) Core i7-10510U နှစ်မျိုုးနှစ်စား ရွေးချယ်နိုင်ပါတယ်။

Comet Lake Processors

အဆိုပါ Processor နှစ်မျိုးလုံး 4-cores/8-threads SoC တွေဖြစ်သလို TDP (Thermal Design Power) ကို 25W (သို့) 10W Configure လုပ်နိုင်တဲ့ Chips တွေပါ။ သို့အတွက်ကြောင့် Laptop က Support လုပ်ရင်လုပ်သလောက် Processor Performance ကို အသုံးချနိုင်မှာဖြစ်ပြီး Mi NoteBook မှာ 25W Chip သုံးထားမယ်လို့ ယူဆမိပါတယ်။

Xiaomi Mi NoteBook Pro 15 (2020)

Image: GSMArena

အလားတူ MX350 ဟာ Entry Level GPU ဖြစ်ပေမယ့် တစ်ခေတ်တခါတုန်းက အတော်လေး Strong ဖြစ်ခဲ့တဲ့ Nvidia GeForce GTX 960M (Maxwell) GPU နဲ့ Performance အတူတူ ရှိနေပါတယ်။ GTX 1050 (Laptop) လောက် မမြန်ဆန်ပေမယ့် MX250 နဲ့ ယှဥ်ရင် Cuda Core အရေတွက် 640 vs. 384 ပိုများပါတယ်။

Nvidia GeForce MX350

Memory Bandwidth လည်း ပိုသာသလို TGP (Total Graphics Power) အနေနဲ့လည်း 25W ဖြစ်သွားတဲ့အတွက် ပါးလွှာတဲ့ Laptop တစ်လုံးအတွက် Power သုံးစွဲမှုများတယ်လို့ ဆိုနိုင်ပါတယ်။ ဒါရဲ့ အကျိုးဆက်က အပူပိုထွက်မယ့် ပြဿနာဖြစ်ပြီး Dual Fan ဒီဇိုင်း Dual Cooling Pipe Solution နဲ့ အားဖြည့်ထားတယ်လို့ Xiaomi ဆိုထားပါတယ်။

Laptop မှာ 8GB (သို့) 16GB DDR4 (2667MHz) RAM အမျိုးစား သုံးထားမှာဖြစ်ပြီး 512GB (သို့) 1TB NVMe SSD နှစ်မျိုး ရွေးချယ်နိုင်မှာပါ။

Xiaomi Mi NoteBook Pro 15 (2020)

Image: Gizmochina

Display ပိုင်းအနေနဲ့ 15.6” LCD သုံးပေးထားပြီး Corning Gorilla Glass 3 Protection နဲ့အတူ 300nits100% sRGB Support ပါဝင်မယ်လို့ သိထားရပါတယ်။ ဒါကြောင့် Mi NoteBook Pro (2020) ကို Light Editing Device တစ်ခုအနေနဲ့ သုံးနိုင်သလို Casual Gaming နဲ့ Multi-media အတွက် ရွေးချယ်နိုင်ပါတယ်။

1,080p Display with Wider Colour

ဒိအတွက် Full-size Keyboard သုံးပေးထားသလို Keyboard Feedback အပိုင်းမှာ ကျေနပ်မှုရစေဖို့ 1.5mm Key Travel နဲ့ Backlighting Feature ထည့်ပေးထားပါတယ်။ Mi NoteBook တွေနဲ့ ပတ်သက်လာရင် ယခုချိန်ထိ သဘောမကျမိတဲ့ အချက်တစ်ချက်က Fingerprint Reader ကို Touchpad နဲ့ တွဲထည့်ထားတာပါ။

Xiaomi Mi NoteBook Pro 15 (2020)

Image: GSMArena

Glass Cover နဲ့ ဖုံးအုပ်ထားလင့်ကစား ၊ Windows Precision Driver ပဲ သုံးထားပါစေဦး Smooth Scrolling အပြည့်ဝ ခံစားရဖို့ Fingerprint Reader တစ်နေရာစာ အဖုထစ် ဖြစ်နေတာ ဘဝင်မကျစရာပါ။

သို့ပေမယ့် အထွေထူး ကိစ္စမဟုတ်လို့ နောင်တချိန်ချိန်မှာ Position ပြောင်းပေးမယ်လို့ မျှော်လင့်မိပါတယ်။ Laptop မှာ 60Wh Battery ပါဝင်လာမှာဖြစ်ပြီး 17hrs Video Playback ရရှိမယ်လို့ ဆိုထားပါတယ် (လုံးဝမဖြစ်နိုင်ပါ)

USB Charging

Charging အတွက် USB Type-C PD (Power Delivery) ကတဆင့် အားသွင်းနိုင်ပြီး မိနစ် ၄၀ အတွင်းမှာ 50% ဖြည့်ပေးနိုင်ပါတယ်။ အကယ်လို့ စမတ်ဖုန်းကို အားသွင်းချင်တယ်ဆိုရင် အဆိုပါ USB-C Port ကနေ 18W နှုန်းနဲ့ အသုံးပြုနိုင်ဦးမှာပါ။

Xiaomi Mi NoteBook Pro 15 (2020) Ports

Image: GSMArena

Laptop Audio ပိုင်းအတွက် 2.5W Harman Audio Speakers ထည့်သွင်းထားပြီး ကိုယ်ထည်တစ်ခုလုံးရဲ့ အလေးချိန်က 2kg ရှိမှာပါ။ သို့အတွက်ကြောင့် Thin & Light Class ထဲ မပါပေမယ့် Entertainment အသားပေး Subnotebook တစ်လုံးဟာ Heavy User မဟုတ်ရင် Premium မဆန်တဆန် စွမ်းဆောင်ရည် ပေးနိုင်မှာပါ။

Versatile Multi-media Subnotebook

2020 ပထမနှစ်ဝက်အတွင်း ထွက်ရှိလာတဲ့ တန်ဖိုးမြင့် 10th Gen Series Windows Laptop တွေနဲ့ ယှဥ်ကြည့်ရင် ဒီတခါ Mi NoteBook Pro 15 ဟာ ပိုသက်သာပါတယ်။ 25W SoC တွေချည်းသုံးထားတာ အားသာချက်လို့ ဆိုနိုင်ပေမယ့် အပူကို ဘယ်လို ကိုင်တွယ်မလဲ မသိရသေးပါဘူး။

သို့ပေမယ့် Comet Lake SoC ကို Nvidia GeForce MX350 နဲ့တွဲထားတဲ့ အတွဲတွေထဲမှာ Powerful ဖြစ်တယ်လို့ ဆိုနိုင်သလို Ryzen တွေနဲ့ ယှဥ်ရင် Processor ပိုင်းမှာ အားပျော့နေပြန်ပါတယ်။ GPU ကတော့ Entry တန်းမှာ Strong အဖြစ်ဆုံး ကျနေလို့ Xiaomi Subnotebook ကို Multi-media ပိုင်းတွက် သင့်လျော်တယ်လို့ ဆိုရတာပါ။

အဆိုပါ Mi NoteBook Pro (2020) i5 မော်ဒယ်ကို $750 ၊ i7 မော်ဒယ်ကို $850 တန်ဖိုးနဲ့ ရောင်းချသွားမှာဖြစ်ပြီး 8GB RAM ၊ 512GB နဲ့ 16GB ၊ 1TB Storage အသီးသီးပါဝင်တယ်လို့ သိရပါတယ်။

Source: GSMArena