fbpx

This is digital planet.

Tech NewsXiaomi

65W Fast Charging ၊ 5,000 mAh Battery နဲ့ QHD 120Hz Display ပါလာမယ့် Black Shark 3 5G

ပြိုင်ဆိုင်မှု အားကောင်းနေတဲ့ စမတ်ဖုန်းတိုက်ပွဲကတော့ Xiaomi မိတ်ဆက်လာတော့မယ့် Black Shark ဂိမ်းမင်းဖုန်းသစ်နဲ့ ပိုကြည့်ကောင်းလာပါဦးမယ်။ မိတ်ဆက်လာမယ့် ရည်ရွယ်ချက်ကလည်း ခုချိန်မှာ ဘာဖုန်းပဲသုံးသုံး ကြာရင် ဘက်ထရီ အားမခံတဲ့ ပြဿနာ ၊ Cell ခြောက်သွားလို့ Efficiency လျော့နည်းလာတာ Challenge တစ်ခုလို ဖြစ်နေတော့ အခွင့်ကောင်းယူသလိုနဲ့ အားသာချက်တချို့ လှစ်ဟပြထားပြီဖြစ်ပါတယ်။

Black Shark 2

Image: XiaomiAdictos

အခုလို ဂိမ်းမင်းဖုန်းသစ်လာမယ်လို့ အတည်မပြုလိုက်ခင်မှာ Battery Cycle ကြည့်လို့ရမယ့် MIUI Experimental Feature တစ်ခုကို ထုတ်ပြခဲ့ပါတယ်။

A New Feature

iOS မှာတော့ ကိုယ့်ဖုန်းရဲ့ ကျန်ရှိတဲ့ Battery Capacity ကို အလွယ်တကူကြည့်နိုင်ပေမယ့် Android ဖုန်းတွေမှာတော့ ထင်သလောက်မလွယ်။
AccuBattery လို Apk မျိုးတွေကလည်း ကျန်ရှိတဲ့ ပမာဏကို အနီးစပ်ဆုံးခန့်မှန်းတာမျိုးပဲ လုပ်နိုင်တာဆိုတော့ လွဲချော်မှု အနဲနဲ့အများရှိနိုင်မယ်။ ဒါဆိုဘယ်လိုလုပ်ကြမလဲ။

Xiaomi ဖုန်းတွေမှာတော့ Code လေးတစ်ခုရိုက်ထည့်ရုံနဲ့ ကိုယ့်ဖုန်းက Charge Cycle ဘယ်လောက်ရှိပြီဆိုတာ အလွယ်တကူသိနိုင်ပါပြီ။ မူရင်း Post ပိုင်ရှင်ကတော့ ဒီနည်းဟာ MIUI 11, Android 10 ကို အခြေခံထားတဲ့ ဖုန်းတွေမှာပဲ အလုပ်ဖြစ်မယ်လို့ ဆိုထားပါတယ်။

A Hidden feature in Xiaomi

ကျွန်တော့်မှာတော့ ဖုန်းအပိုမရှိလို့ ကိုယ့်ဖုန်းမှာ ရ၊ မရသိချင်ရင် အောက်က Code လေးရိုက်ပြီး စမ်းနိုင်ပါတယ်။ Phone App ထဲမှာ ရိုက်ရမယ့် Code ကတော့ *#*#6485#*#* ပါ။

Code ရိုက်ထည့်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း စာတစ်ချို့ကို မြင်ရပါလိမ့်မယ်။ အဲဒီ စာတွေထဲမှာ ဘောင်ခတ်ပြထားတဲ့ MF_02 ဆိုတဲ့ဘေးက ကိန်းဂဏန်းတွေဟာ သင့်ဖုန်းကို သင် Fully Charge Cycle ဘယ်နှစ်ကြိမ် အားသွင်းပြီးပြီလဲဆိုတာကို ရည်ညွှန်းပါတယ်။

MIUI Code

ဒီနေရာမှာ Fully Charge Cycle ဆိုတာ ဖုန်းကို ပလပ်ဘယ်နှစ်ခါထိုးပြီး အားသွင်းလဲ ကို မဆိုလိုပါဘူး။ အလွယ်ပြောရင် 100% ပြည့်အောင် တစ်ခါအားသွင်းပြီးတာကို One Charge Cycle လို့ ခေါ်ပါတယ်။ 100% ဆိုတာ 0 to 100% ကို တစ်ခါတည်းသွင်းတာဖြစ်နိုင်သလို 50 to 100% နှစ်ခါခွဲသွင်းတာလည်း ဖြစ်နိုင်ပါတယ်။
(Battery နဲ့ပတ်သက်တဲ့ ဆောင်းပါး အသေးစိတ်ကို ဒီ Link မှာဖတ်ရှုနိုင်ပါတယ်။)

MIUI 11

ဒီနည်းဟာ ဖုန်းရဲ့ ကျန်ရှိတဲ့ Battery Capacity ကို အတိအကျဖော်ပြပေးတဲ့ နလည်းလမ်းလို့တော့ မဆိုနိုင်ပေမယ့် ဖုန်း Charge Cycle ဘယ်လောက်ရှိပြီဆိုတာကိုတော့ အတိအကျ သိနိုင်မယ့် နည်းလမ်းပါ။

Battery ထုတ်လုပ်သူတွေအဆိုအရ Battery တွေဟာ Charge Cycle 400 ဝန်းကျင်မှာ Battery Capacity ရဲ့ 20% ကို ဆုံးရှုံးတတ်ကြပါသတဲ့။ ဆိုတော့ Charge Cycle Count ကို သိခြင်းအားဖြင့် ကိုယ့်ဖုန်း Battery လဲဖို့ အချိန်တန်၊ မတန်ဆိုတာ အနီးစပ်ဆုံးခန့်မှန်းနိုင်မယ်။

Xiaomi Mi 10 Pro 5G

Image Credit: BGR

တကယ်လို့ ကိုယ်က 2nd ဝယ်ဖို့ စဉ်းစားနေတဲ့သူဆိုရင်လည်း Charge Cycle ကို ခုလိုအလွယ်စစ်ပြီး ကိုယ်ဝယ်မယ့်ဖုန်းရဲ့ Battery အခြေအနေနဲ့ ရှေ့လူလက်ထဲ ဘယ်လောက်ကြာပြီဆိုတာ ခန့်မှန်းနိုင်မယ်။
ဖုန်းတစ်လုံးကို ရေရှည်ကိုင်ဖို့ စိတ်ကူးသူတွေအတွက် ကိုယ့်ဖုန်းရဲ့ Battery အခြေအနေကို သိနားလည်ဖို့ဆိုတာ အရေးပါတယ်လို့ ကျွန်တော် မြင်တယ်။

ကိုယ့်ဖုန်းရဲ့ Battery အခြေအနေကို သိခြင်းအားဖြင့် Battery အကုန်မြန်နေရခြင်းဟာ Software ကြောင့်လား၊ Hardware ကြောင့်လားဆိုတာ ခန့်မှန်းနိုင်သလို Battery လဲဖို့ အချိန်တန်၊ မတန်ဆိုတာ နားလည်နိုင်မယ့် ကောင်းကျိုးတွေ ရှိနေပါတယ်။

Black Shark 3

စကားကြောလေး နည်းနည်းရှည်မိသွားတော့ မူရင်းဇာတ်လမ်းကို ပြန်ပြောတာပေါ့။ Xiaomi အနေနဲ့ ဂိမ်းမင်းဖုန်းထုတ်တော့မယ်ဆိုတာကို မန်နေဂျာကိုယ်တိုင် အတည်ပြုလိုက်သလို ဘာကြောင့် 65W Fast Charging သုံးပြီး ဘယ်ဖုန်းက Quality ပိုကောင်းတဲ့ပုံစံနဲ့ အင်တာနက် စာမျက်နှာမှာ Troll ခဲ့ပါသေးတယ်။

Black Shark 3 Troll

Credit: GSMArena

5,000 mAh Battery ကို ၃၈ မိနစ်အတွင်း အားအမြန်သွင်းနိုင်မှာဖြစ်ပြီး Charge – Discharge Cycles ကို အကြိမ် 800 အထိ ခံမယ်လို့ ပြောခဲ့ပါတယ် (ဒီပမာဏဟာ 0% ကနေ 100% အထိ Full Dishcarge Cycle ကို ဆိုလိုတာဖြစ်ပြီး အတော်ကောင်းတဲ့ Battery လို့တောင် ပြောနိုင်ပါတယ်)

Black Shark 2

Image: Phone Radar

အမြန်ဆုံး Fast Charging စနစ် အသုံးပြုနေတဲ့ HUAWEI Mate X (55W + 4,000 mAh) ၊ Reno Ace (65W + 4,000 mAh) ၊ iQOO3 (55W + 4,400 mAh) နဲ့ယှဥ်လိုက်ရင် Cycle Count ( 800 Vs 600) ၁.၃ ဆ ပိုများပါတယ်။

with enough Horse Power

ဒါကြောင့် ဂိမ်းမင်းဖုန်းဖြစ်နေပေမယ့်လည်း အရည်သွေးပိုင်း ပိုကောင်းလာသလို အားကုန်လို့ ပြန်သွင်းလိုက်၊ ပြန်ကစားလိုက် ခဏခဏ လုပ်နေရတဲ့ အကြိမ်ရေ ပိုနည်းလာမယ်။

Snapdragon 865 SoC ၊ LPDDR5 12GB RAM နဲ့ QHD Resolution မှာ 120Hz Refresh Rate ရလာမယ့် Black Shark 3 က အရမ်းမစွာဘူးဆိုရင်တောင် Experience ပိုင်း စကားပြောလာမယ်လို့ ကျွန်တော်တို့ တွက်ထားလို့ရပါတယ်။

လက်ရှိအချိန်မှာတော့ ဂိမ်းမင်းဖုန်းထုတ်လာမယ်လို့ သိထားရပေမယ့် ထွက်ရှိမယ့်အချိန်နဲ့ စျေးနှုန်း အတိုစတွေကိုတော့ မသိရသေးပါဘူး။

Source: GizchinaMyMasterPrice via GSMArena