fbpx

This is digital planet.

Tech NewsXiaomi

Xiaomi Flagship တွေမှာ ပါဝင်လာနိုင်တဲ့ Fingerprint နည်းပညာသစ်

(Zawgyi)



– One-click Entry





(Unicode)

Xiaomi ရဲ့ Co-founder Lin Bin ကတော့ Mi 9 မှာ ပါလာနိုင်ခြေရှိတဲ့ Fingerprint နည်းပညာနှစ်ခုကို အစမ်းသဘောမျိုး Video နဲ့ ပြသသွားခဲ့ပါတယ်။

နှစ်ဝက်ကျော်ကြာအောင် အဆင့်မြှင့်တင်ဖို့ကြိုးစားပြီးချိန်မှာတော့ Mi 8 EE, Mi 8 Pro စတဲ့ဖုန်းတွေနဲ့အတူ မိတ်ဆက်ခဲ့တဲ့ In-Display Fingerprint နည်းပညာကို အဆင့်မြှင့်တင်ပေးမယ့် Function နှစ်မျိုးကို Xiaomi အနေနဲ့ အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပါပြီ။

– One-click Entry

Fingerprint ထည့်သွင်းတဲ့အခါမျိုးမှာ အရင်ကလို အကြိမ်ကြိမ်နှိပ်ရတာမျိုးမဟုတ်ပဲ တစ်ကြိမ်တည်းဖိထားရုံနဲ့ Register လုပ်လာနိုင်တော့မှာပါ။

– Wide-area Blind Solution

Fingerprint ကို Unlock လုပ်နိုင်မယ့် Area ကို 25mm x 50.2mm အထိ တိုးမြှင့်နိုင်ခဲတာမို့ Display ကို မကြည့်ပဲနဲ့တောင် Unlock လုပ်နိုင်မယ်လို့ ဆိုထားပါတယ်။

Video အရတော့ စမ်းသပ်နေတဲ့ Model ဟာ Mi 8 Pro Prototype ဖြစ်နိုင်ခြေရှိပြီး Fan တွေအနေနဲ့ ဒီနည်းပညာနှစ်ခုကို နှစ်ခြိုက်ကြမယ်ဆိုရင်တော့ နောင်အနာဂတ် Xiaomi Flagship တွေမှာ ထည့်သွင်းပေးဖို့စဉ်းစားသွားမယ်လို့ Lin Bin က ပြောကြားသွားပါတယ်။

Source