fbpx

This is digital planet.

Tech NewsXiaomi

Xiaomi  Foldable device ရဲ့ ဒုတိယမြောက် Video ထပ်မံထွက်ရှိလာခဲ့

Xiaomi ရဲ့ Foldable device ကိုတော့ အရင်တစ်ခေါက်က video တစ်ခုမှာမြင်တွေ့ခဲ့ရပြီး အခုတခါမှာလဲ ထပ်မံထွက်ရှိလာခဲ့ပါတယ်။ ဒီတခါ Video မှာလည်း Xiaomi အနေနဲ့ double fold desgin ကိုအသုံးပြုထားတဲ့ Foldable device ကိုပြသခဲ့ပါတယ်။

အားလုံးသိပြီးကျတဲ့ အတိုင်းပဲ Huawei Mate X ဟာ အလည်ကနေပြီး ခေါက်လို့ရတဲ့ပုံစံဖြစ်ပြီး Samsung Fold ကတော့ Display ၂ ခုပါဝင်ပြီး စာအုပ်ပုံစံ ခေါက်လို့ရတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။ တရုတ်ရဲ့ Apple လို့တင်စားကျတဲ့ Xiaomi ကတော့ သူရဲ့Foldable device ရဲ့ဒီဇိုင်းကိုတော့ ဘေးနှစ်ဘက်ကနေ့ပြီး ခေါက်လို့ရတဲ့ double fold design ကိုသုံးထားတာဖြစ်ပါတယ်။ Tablet ပုံစံကိုမှ ဘေးနှစ်ဖက်ကနေခေါက်ပြီး ဖုန်းပုံစံပြောင်းလဲလို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ Xiaomi အနေနဲ့ အဆိုပါ Foldable display ကိုတော့ Visionox နဲ့ပူးပေါင်းထုတ်လုပ်ထားတယ်လို့သိရပါတယ်။

Snapdragon 855 နဲ့အတူ Andriod 9 Pie အခြေပြု MIUI 9 နဲ့ထွက်ရှိလာမယ်လို့သိရပြီး ဒီနှစ်ရဲ့ Q2 (April – June) လောက်မှာစတင်မိတ်ဆက်ပေးမယ်လို့သိရပါတယ်။ ဈေးနှုန်းအနေနဲ့ Samsung Galaxy Fold ရဲ့တဝက်နီးပါးလောက်နဲ့ရောင်းချမယ်လို့လည်းသိရပါတယ်။ Samsung Galaxy Fold ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၁၉၈၀ (မြန်မာငွေ သိန်း ၃၀ နီးပါး) ရှိပါတယ်။

Photos: Letsgodigital

Ref: GSMArena