fbpx

This is digital planet.

Tech NewsXiaomi

Xiaomi M2 Lite အတြက္ Andriod Pie Update စတင္ထြက္ရိွလာ

Zawgyi

Xiaomi ဆိုတာကေတာ့ စြမ္းေဆာင္ရည္ျမင့္တဲ့ စမတ္ဖုန္းေတြကို သက္သာတဲ့ေစ်းနဲ႕ထုတ္လုပ္ေရာင္းခ်ေလ့ရွိတဲ့ အမွတ္တံဆိပ္ဆိုတာကေတာ့လူတိုင္းသိက်မွာပါ၊ အဆိုပါ စမတ္ဖုန္းေတြကိုေတာ့ Xiaomi က သူရဲ႕ကိုယ္ပိုင္ MIUI ကို Andriod အေပၚအေျခခံျပီးထည့္သြင္းေပးထားတာျဖစ္ျပီး sub-brand တစ္ခုျဖစ္တဲ့ POCO စမတ္ဖုန္းမွာလည္း MIUI ကိုအသံုးျပဳထားပါတယ္။ အခုအခ်ိန္မွာေတာ့ Xiaomi အေနနဲ႔ ၿပီးခဲ့တဲ့ July လ က စတင္မိတ္ဆက္ေပးခဲ့တဲ့ Andriod One ဖုန္းတစ္ခုျဖစ္တဲ့ Mi 2 Lite နဲ႕ Andriod 9 Pie ကိုစတင္ ရရွိေတာ့မွာျဖစ္ပါတယ္။ Mi 2 Lite ကဆိုရင္ေတာ့ Budget Andriod One စမတ္ဖုန္းျဖစ္ေပးမဲ့ အသိအမွတ္ျပဳစရာ Spec တခ်ိဳ႕ထည့္သြင္းေပးထားပါတယ္။

Mi 2 Lite အတြက္ Andriod Pie Beta Update ကိုေတာ့ ၿပီးခဲ့တဲ့ ၂ ပတ္ခန္႕ကတည္းက စတင္ထြက္ရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ XDA မွာ ျမင္ေတြ႕ရတဲ့ Screen Shot ေတြအရ တရားဝင္ ထြက္ရွိလာၿပီးလို႕လည္းသိရပါတယ္။ Screen Shots ပံုေတြအရ အဆိုပါ Andriod Pie ဟာ November Security Patch Update နဲ႕အတူထြက္ရွိလာခဲ့တာျဖစ္တယ္လို႕သိရပါတယ္။ Andriod ရဲ႕ေနာက္ဆံုး Version ျဖစ္တဲ့ 9 Pie မွာေတာ့ Adaptive battery နဲ႕ Navigation gestures စတဲ့ Features ေတြလည္းပါဝင္လာခဲ့ပါတယ္။

ဒီ Update ကေတာ့ ဘယ္ႏိုင္ငံေတြကိုအရင္ထြက္ရွိလာတယ္ဆိုတာ မသိရေသးေပးပါဘူး။ အကယ္၍ သင္သာ Xiaomi ရဲ႕ Mi A2 Lite အသံုးျပဳသူတစ္ေယာက္ဆိုရင္ေတာ့ Phone ရဲ႕ Setting ထဲမွာဝင္ေရာက္ စစ္ၾကည့္လို႕ရပါတယ္။

“Observe Here. Trust Yourself”

Photo Credit :XDA

Unicode

Xiaomi M2 Lite အတွက် Andriod Pie Update စတင်ထွက်ရှိလာ

Xiaomi ဆိုတာကတော့ စွမ်းဆောင်ရည်မြင့်တဲ့ စမတ်ဖုန်းတွေကို သက်သာတဲ့ဈေးနဲ့ထုတ်လုပ်ရောင်းချလေ့ရှိတဲ့ အမှတ်တံဆိပ်ဆိုတာကတော့လူတိုင်းသိကျမှာပါ၊ အဆိုပါ စမတ်ဖုန်းတွေကိုတော့ Xiaomi က သူရဲ့ကိုယ်ပိုင် MIUI ကို Andriod အပေါ်အခြေခံပြီးထည့်သွင်းပေးထားတာဖြစ်ပြီး sub-brand တစ်ခုဖြစ်တဲ့ POCO စမတ်ဖုန်းမှာလည်း MIUI ကိုအသုံးပြုထားပါတယ်။ အခုအချိန်မှာတော့ Xiaomi အနေနဲ့ ပြီးခဲ့တဲ့ July လ က စတင်မိတ်ဆက်ပေးခဲ့တဲ့ Andriod One ဖုန်းတစ်ခုဖြစ်တဲ့ Mi 2 Lite နဲ့ Andriod 9 Pie ကိုစတင် ရရှိတော့မှာဖြစ်ပါတယ်။ Mi 2 Lite ကဆိုရင်တော့ Budget Andriod One စမတ်ဖုန်းဖြစ်ပေးမဲ့ အသိအမှတ်ပြုစရာ Spec တချို့ထည့်သွင်းပေးထားပါတယ်။

Mi 2 Lite အတွက် Andriod Pie Beta Update ကိုတော့ ပြီးခဲ့တဲ့ ၂ ပတ်ခန့်ကတည်းက စတင်ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ XDA မှာ မြင်တွေ့ရတဲ့ Screen Shot တွေအရ တရားဝင် ထွက်ရှိလာပြီးလို့လည်းသိရပါတယ်။ Screen Shots ပုံတွေအရ အဆိုပါ Andriod Pie ဟာ November Security Patch Update နဲ့အတူထွက်ရှိလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Andriod ရဲ့နောက်ဆုံး Version ဖြစ်တဲ့ 9 Pie မှာတော့ Adaptive battery နဲ့ Navigation gestures စတဲ့ Features တွေလည်းပါဝင်လာခဲ့ပါတယ်။

ဒီ Update ကတော့ ဘယ်နိုင်ငံတွေကိုအရင်ထွက်ရှိလာတယ်ဆိုတာ မသိရသေးပေးပါဘူး။ အကယ်၍ သင်သာ Xiaomi ရဲ့ Mi A2 Lite အသုံးပြုသူတစ်ယောက်ဆိုရင်တော့ Phone ရဲ့ Setting ထဲမှာဝင်ရောက် စစ်ကြည့်လို့ရပါတယ်။

“Observe Here. Trust Yourself”

Photo Credit :XDA