fbpx

This is digital planet.

Tech NewsXiaomi

Xiaomi Mi 9 Explorer Edition ဟာ စွမ်းဆောင်ရည်အမြင့်ဆုံးဖုန်းဖြစ်လာမယ်လို့ပြောကြားလိုက်တဲ့ Xiaomi Co-founder

Xiaomi အနေနဲ့ Xiaomi Mi 9 flagship ဖုန်းကို Feb.20 မှာစတင်မိတ်ဆက်ပေးတော့မှာဖြစ်ပြီး မနှစ်က Mi 8 ကိုမိတ်ဆက်စဉ်က Mi 8 Explorer Edition ကိုပါအတူမိတ်ဆက်ပေးခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာလည်း Mi 9 နဲ့အတူ Mi 9 Explorer Edition ကိုမိတ်ဆက်ပေးမယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။ Leaked ဖြစ်လာတဲ့ Mi 9 Explorer Edition ရဲ့ပုံရိပ်တွေမှာတော့ ကျောဘက်ကင်မရာ ၄ လုံးပါဝင်တာကိုမြင်တွေ့ခဲ့ရပေမယ့် Xiaomi အနေနဲ့အတည်ပြုခဲ့တာတော့မရှိသေးပါဘူး။ ဒီနေ့မှာတော့ Xiaomi ရဲ့ Co-founder Wang Chuan အနေနဲ့ Mi 9 Explorer Edition ဟာ စွမ်းဆောင်ရည်အမြင့်မားဆုံး ဖုန်းတစ်လုံးဖြစ်လာလိမ့်မယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။
received_1222226204611431
ဒါအပြင် ဒီဖုန်းမှာတော့ နောက်ထပ်ကင်မရာ ၁ လုံးပါဝင်အုန်းမယ်လို့လည်း ဆိုပါတယ်။ မနှစ်ကထွက်ရှိခဲ့တဲ့ Mi 8 Explorer Edition မှာတော့ ဖောက်ထွင်းမြင်ရတဲ့ကျောဘက်မျက်နာပြင်ရှိခဲ့ပြီး အခုမျိုးဆက်သစ် Mi 9 Explorer Edition မှာလည်း အရင်ပုံစံအတိုင်း ဖောက်ထွင်းမြင်ရတဲ့ ကျောဘက်မျက်နှာပြင်ပါဝင်လာမယ်ဆိုတာကို Leaked Photo တွေအရမြင်တွေ့ရပါတယ်။

Mi 9 Explorer Edition ရဲ့ Spec တွေကိုတော့မသိရသေးပေမယ့် Mi 9 မှာလိုပဲ Snapdragon 855 သုံးလာမှာဖြစ်ပြီး 8GB RAM ပါဝင်တဲ့ Mi 8 Explorer Edition ထက်ပိုမိုများပြားတဲ့ပမာဏနဲ့ထွက်ရှိလာအုန်းမယ်လို့ထင်ရပါတယ်။ Xiaomi အနေနဲ့ လက်ရှိမှာတော့ 10GB RAM ပါဝင်တဲ့ Black Shark Helo နဲ့ Xiaomi Mi MIX 3 တို့ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် Mi 9 Explorer Edition မှာလည်း 10GB RAM ပါဝင်လာဖွယ်ရှိနေပါတယ်။ Display အနေနဲ့ Notch-less Display ကို အသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းနေကြပြီး Mi 9 ထက် Screen အရွယ်အစား ပိုမိုမြင့်မားဖွယ်ရှိပါတယ်။

Source

Leave a Reply

Your email address will not be published.