fbpx

This is digital planet.

Tech NewsXiaomi

Xiaomi Mi 9 Pro 5G အဖြူရောင်ရဲ့ တရား၀င်ပုံများ ထွက်ရှိလာပြီး အားသွင်းမြန်တဲ့အချိန်များပေါ်ထွက်လာ

Xiaomi အနေနဲ့ Mi 9 Pro 5G ကိုမိတ်ဆက်လာမယ့် ပွဲကို September 24 တရုတ်မှာပြုလုပ်ဖို့ရှိနေပါတယ်။Mi 9 Pro 5G ဟာ February တုန်းက ထွက်ရှိထားတဲ့ Mi 9 ကိုဆန်းသစ်ပြောင်းလဲလာမယ့် ဖုန်းဖြစ်ပြီး နာမည်အရ 5G Connectivity ပါလာမှာပါ။ အဲ့အပြင် Snapdragon 855+ chipset ကိုပါသုံးလာမှာပါ။ ဖုန်းမှာ မြန်ဆန်တဲ့ 40W ကြိုးတပ် Chargin ၊ ပထမဆုံး 30W ကြိုးမဲ့ Charging နဲ့ 10W reverse wireless charging စတဲ့ အားသွင်းစနစ်အစုံ ပါ၀င်ထားပါတယ်။

အပေါ်မှာဖော်ပြထားတဲ့ Charging tech အသစ်တွေကို Xiaomi ကနေ တရား၀င်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ Mi 9 မှာမရခဲ့တဲ့ အဖြူရောင်ကို အခု Mi 9 Pro 5G မှာရရှိလာပါပြီ။ ပုံတွေကို အောက်မှာဖော်ပြထားပါတယ်။

တရုတ်ရဲ့ အကြီမားဆုံး Online ကနေရောင်းတဲ့ထဲက တစ်ခုဖြစ်တဲ့ JD.com မှာ Mi 9 Pro 5G ကို ကြိုတင်မှာယူလို့ရနေပါပြီ။ အရင်ကထွက်ထားတဲ့ ကောလဟာလတွေအရ Mi 9 Pro 5G မှာ 48 MP main rear camera နဲ့ တစ်ခြား Camera နှစ်ခုတွဲထားတဲ့ Mi 9 ကလိုသုံးလာနိုင်ပါတယ်။ ကောလဟာလသာဖြစ်တဲ့အတွက် Mi 9 လိုသုံးလာနိုင်ဖို့က မသေချာပါဘူး။

ဖုန်းမှာပါ၀င်တဲ့ 4,000 mAh battery ကို 30W wireless charger နဲ့အားအပြည့်သွင်းတဲ့အချိန်က 69 minutes သာရှိပြီး 0% ကနေ 50% အထိကို 25 minutes ပဲလိုအပ်ပါတယ်။ Wired Charging နဲ့ 0% to 100% အားသွင်းတဲ့အခါ 48 minutes ပဲကြာမယ်လို့ Xiaomi ကဲ့ CEO Lei Jun ကဆိုထားပါတယ်။

Ref: GSMArena