fbpx

This is digital planet.

Tech NewsXiaomi

Xiaomi Mi CC9 Pro ရဲ့ ဈေးနှုန်းနဲ့ ကြိုးမဲ့အားသွင်းစနစ် ပါ၀င်လာမယ့်အကြောင်း ပေါက်ကြားမှု အသစ်မှာ ပေါ်ထွက်လာ

မကြာခင်ထွက်ရှိလာတော့မယ့် Xiaomi Mi CC9 ရဲ့ Specifications တွေဟာ အရင်ရက်‌တွေကတည်းက ပေါက်ကြားလာခဲ့ပါတယ်။ အခုလည်း နောက်ထပ် Specifications တွေပေါက်ကြားလာခဲ့ပြီး Mi CC9 Pro ရဲ့ ဈေးနှုန်းတွေနဲ့ ကြိုးမဲ့အားသွင်းခင်း နည်းပညာ သုံးလာမယ့် အကြောင်းကို ပြသထားပါတယ်။

Xiaomi Mi CC9 Pro Specifications (Rumored)

ပေါက်ကြားမှု အသစ်အရ အရင်ရက်တုန်းက ပေါက်ကြားခဲ့တဲ့ Mi CC9 Pro ရဲ့ အချက်‌တွေဟာ အနည်းငယ် ကွဲပြားနေပါတယ်။ အချက်အလက်အသစ်အရ Mi CC9 Pro မှာ Waterdrop Notch ပါ၀င်လာမယ့် AMOLED display ကိုအသုံးပြုလာမှာဖြစ်ပြီး in-screen fingerprint reader ကိုပါ အသုံးပြုလာမှာပါ။ ဖုန်းရဲ့ Display ကို Gorilla Glass 6 နဲ့ကာကွယ်ပေးထားပြီး နောက်ဘက်မှာတော့ Gorilla Glass 5 ကိုသုံးပေးထားပါတယ်။

8nm Snapdragon 730G octa-core processor ကို Xiaomi Mi CC9 Pro မှာသုံးလာဖို့ မျှော်လင့်ရပါတယ်။ ရှေ့ဘက်က Waterdrop Notch ထဲမှာ Samsung GD1 32-megapixel sensor ကိုကြွားလုံးထုတ်လာနိုင်ပါတယ်။ ဖုန်းရဲ့ နောက်ဘက်မှာတော့ Samsung ရဲ့ 108-megapixel main lens ၊ 8-megapixel superwide lens နဲ့ 12-megapixel telephoto lens တို့ပါ၀င်လာနိုင်တဲ့ triple camera system ပါ၀င်လာနိုင်ပါတယ်။ ဖုန်းဟာ Optical Image Stabilization (OIS) တော့ ထောက်ပံ့ပေးလာမှာမဟုတ်ပါဘူး။

Xiaomi Mi CC9 Pro မှာ 4,000mAh battery ပါ၀င်လာဖို့ရှိနေပြီး 27W fast charging ကို ထောက်ပံ့ပေးလာနိုင်ပါတယ်။ အဲ့အပြင် Xiaomi ဟာ Mi CC9 Pro အတွက် 20W wireless charging technology ကိုပေးလာနိုင်ပါတယ်။ အရင်ပေါက်ကြားမှုမှာ Android 10 ၊ IR blaster ၊ NFC support ၊ 9mm ထူတဲ့ကိုယ်ထည်နဲ့ 180g ရှိတဲ့အလေးချိန် စတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

Image result for mi cc9 pro

Xiaomi Mi CC9 Pro ရဲ့ဈေးနှုန်းများ (Rumored)

ပေါက်ကြားမှုအရ Xiaomi Mi CC9 မှာ 6 GB RAM + 128 GB storage ၊ 8 GB RAM + 128 GB storage နဲ့ 8 GB RAM + 256 GB storage ဆိုပြီး အမျိုးအစားကွဲလာမှာပါ။ အဲ့ Models သုံးမျိုးရဲ့ ဈေးနှုန်းဟာ 2,199 Yuan (~$311) မြန်မာငွေ ၄သိန်း ၈သောင်းနီးပါး ၊ 2,399 Yuan (~$339) မြန်မာငွေ ၅သိန်း ၂သောင်းနီးပါး နဲ့ 2,699 Yuan (~$382) မြန်မာငွေ ၅သိန်း ၈သောင်းကျော်ဆိုပြီး အသီးသီးရှိလာနိုင်ပါတယ်။ Xiaomi အနေနဲ့ Mi CC9 Pro ကို တရုတ်မှာ Oct. 24 အတွင်း မိတ်ဆက်မယ်လို့ ကောလဟာလေတွေထွက်ထားပါတယ်။ သို့သော်လည်း ခုထိ ဘာအတည်ပြုချက်မှ မထွက်ရှိသေးပါဘူး။

Ref: Gizmochina