fbpx

This is digital planet.

Tech NewsXiaomi

Xiaomi Mi Max 4 နဲ့ Mi Max 4 Pro တို့ရဲ့ Spec နဲ့ဈေးနှုန်းများပေါက်ကြားလာခဲ့

Xiaomi အနေနဲ့ Mi Max series ကို နှစ်ရဲ့ ဒုတိယအပတ်မှာမိတ်ဆက်ပေးလေ့ရှိပါတယ်။ သို့သော်လည်း Mi Max 3 ကို July မှာမိတ်ဆက်ပေးခဲ့ပါတယ်။ ဒါကြောင့် ယခုမျိုးဆက်သစ် Mi Max 4 အနေနဲ့လည်း မနှစ်က Mi Max 3 လို့ထွက်ရှိလာဖွယ်ရှိပါတယ်။ မကြာခင် လအနည်းငယ်အတွင်းမှာထွက်ရှိလာဖွယ်ရှိတဲ့ ဒီ Mi Max 4 series ရဲ့ အချက်အလက်များလည်း Weibo မှာပေါက်ကြားလျက်ရှိပါတယ်။

Xiaomi Mi Max 4 Specifications and Price (Rumors)

Leak တွေအရ, Xiaomi Mi Max 4 ရဲ့ Display အရွယ်အစားဟာ 7.2-inch ရှိတယ်လို့ဆိုပါတယ်။ Notch ပါဝင်ပြီး ကျဉ်းမြောင်းတဲ့ Chin လည်းပါဝင်တယ်လို့သိရပါတယ်။ Phablet အရွယ်အစားရှိတဲ့ ဒီဖုန်းကိုတော့ Gorilla Glass 5 နဲ့ကာကွယ်ပေးထားပြီး Snapdragon 660 chipset နဲ့မောင်းနှင်လာမှာဖြစ်တယ်လို့သိရပါတယ်။

ကျောဘက်မှာတော့ Samsung ISOCELL GM1 48MP ပါဝင်တဲ့ Sensor ကိုသုံးလာမှာဖြစ်ပြီး အရင် model လိုပဲ ကင်မရာ ၂ လုံးပါဝင်လာဖွယ်ရှိတယ်လို့မျှော်လင့်ရပါတယ်။ ဘက်ထရီပိုင်းကိုတော့ကြီးမားတဲ့ 5800mAh ဘက်ထရီကိုသုံးလာမှာဖြစ်ပြီး 18W fast charging နဲ့ထောက်ပံ့ပေးလာအုန်းမှာဖြစ်ပါတယ်။

Xiaomi Mi Max 4 ကိုတော့ 4GB RAM + 64GB storage, 6GB RAM + 64GB storage နဲ့ 6GB RAM + 128GB storage ဆိုပြီး ၃ မျိုးထွက်ရှိလာမှာဖြစ်ကာ ဈေးနှုန်းအနေနဲ့ ယွမ် ၁၅၉၉ (ဒေါ်လာ ၂၃၈) , ယွမ် ၁၇၉၉ (ဒေါ်လာ ၂၆၈) နဲ့ ယွမ် ၁၉၉ (ဒေါ်လာ ၂၉၈) အသီးသီးရှိမယ်လို့သိရပါတယ်။

XIaomi Mi Max 3

Xiaomi Mi Max 4 Pro Specifications (Rumors)

ပြီးခဲ့နှစ်က Mi Max 3 နဲ့ အတူ Mi Max 3 Pro ကိုလည်းမိတ်ကေ်ပေးခဲ့တဲ့အတွက် Xiaomi အနေနဲ့ ဒီနှစ်မှာလည်း Mi Max 4 ရဲ့ Pro version ကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။

Phablet ဖုန်းနောက်တစ်လုံး Mi Max 4 Pro အနေနဲ့ Snapdragon 675 ကိုသုံးလာမှာဖြစ်ပြီး 20MP နဲ့ Sony IMX 586 sensor ပါဝင်တဲ့ကင်မရာ ၂ လုံးပါဝင်လာမှာဖြစ်ပါတယ်။ Sony IMX sensor အနေနဲ့ 960 fps slow-motion video shooting ကိုထောက်ပံ့ပေးမှာလည်းဖြစ်ပါတယ်။ Leak တွေ အရ Mi Max 4 Pro မှာ In-display fingerprint ကိုသုံးမယ်လို့လည်းသိရပါတယ်။ 4GB RAM + 64GB storage version နဲ့စတင်ထွက်ရှိလာမှာဖြစ်ပါတယ်။

ဒီ Spec တွေအရ Mi Max 4 နဲ့ Mi Max 4 Pro တို့ဟာ Redmi Note 7 နဲ့ Note 7 Pro ရဲ့ အရွယ်အစားကြီးမားတဲ့ edition တစ်ခုဖြစ်နိုင်ခြေရှိပါတယ်။

Source