fbpx

This is digital planet.

Tech News

Mi Mix 2 တွင် Android 9 Pie ကိုအခြေခံထားသည့် MIUI 10 Beta Update ရရှိ

Xiaomi ရဲ့ Model ဟောင်းဖုန်းတစ်လုံး ဖြစ်တဲ့ Xiaomi Mi 6 မှာ Android 9 Pie Update ကို April လမှ ာရရှိခဲ့ပါတယ်။ ဒီနေ့ မှာတော့ Mi Mix 2 ပိုင်ရှင်တွေအတွက် Android 9 Pie Update ကို Beta အနေနှင့် ဖြန့်ဝေလာတာကို တွေ့ရပါတယ်။ ဒီ MIUI 10 9.5.9 Beta ဟာ Android 9 ကို အေခြေခံထားပြီး Size အနေနှင့် 1.7 GB ရှိပါတယ်။

ပြီးခဲ့တဲ့ တစ်ခေါက် 10.3.1 stable update မှာ Face Unlock Features တွေ အပြင်အခြား System Application တွေကို ပိုပြီးမွန်အောင် ပြုလုပ်ခဲ့ပါတယ်။ ဒီ Beta Update မှာတော့ ပိုပြီးကောင်းမွန်တဲ့ Features တွေနှင့် Performance Improvement ကိုရရှိလာမှာ သေချာပါတယ်။ Mi Mix 2 ဟာ Xiaomi ရဲ့ Mi Mix Line-up တွေထဲက ဒုတိယ မျိုးဆက်တစ်ခုဖြစ်ပြီး 5.99 inch ရှိတဲ့ Bezel-less Notch အပြင် ရှေ့ 5 MP Selfie Camera ကို အောက်က Chin မှာ ထည့်ထားပေးတဲ့ ဖုန်းတစ်လုံးပါ။ Snapdragon 835 ကိုအသုံးပြုထား ပြီး 12 MP Single Rear Camera နှင့် Battery 3400 mAh ပါဝင်တဲ့ ဖုန်းကောင်းတစ်လုံးပါ။

Photo Credit: GSMArena

ဒါ့အပြင် ဒီ Mi mix 2 ဟာနာမည် ကြီး Tech Reviewer တွေ review လုပ်ခဲ့တဲ့ နာမည်ကြီး Xiaomi ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Ref: Gizchina