fbpx

This is digital planet.

Tech NewsXiaomi

Xiaomi Mi Note 10 ရဲ့ Retail box ပေါက်ကြားလာပြီး ဖုန်းရှိကြောင်းကိုအတည်ပြု

Xiaomi က နောက်ဆုံး Mi Note Series ဖုန်းဖြစ်တဲ့ Mi Note 3 ကို 2017 တုန်းကစတင်မိတ်ဆက်ခဲ့ပါတယ်။ Mi Note 3 ထွက်လာတဲ့အခါမှာ ဖုန်းဟာ Flagship ဖုန်းမဟုတ်ဘဲ Upper mid-range ဖုန်းသာဖြစ်လာခဲ့ပါတယ်။ Xiaomi အနေနဲ့ အရင်နှစ်တုန်းက Mi Note 3 နေရာကို ဆက်ခံလာမယ့် ဖုန်းကို မထုတ်ခဲ့ပါဘူး။ အဲ့အပြင် လွန်ခဲ့တဲ့လအနည်းတုန်းက Mi Max Series တွေဟာလည်း ဒီနှစ်မှာ model အသစ်ထွက်ဖို့မရှိဘူးလို့ Xiaomi ကဆိုထားပါတယ်။ ဒါပေမယ့် Mi Note Series အတွက် ဒီလအကုန်လောက်မှာ ပြန်လည်ခေါ်ဆောင် မိတ်ဆက်လာဖို့ရှိ‌နေပါတယ်။

Xiaomi အနေနဲ့ Mi Note ဖုန်းအသစ်ကို October လအကုန်လောက်မှာ မိတ်ဆက်လာမယ်လို့ သတင်းပို့ထားပြီးဖြစ်ပါတယ်။ အဲ့ဖုန်းအသစ်ဟာ Mi Note 10 အနေနဲ့ ထွက်ရှိလာမှာပါ။ ဖုန်းရဲ့အသွင်အပြင်နဲ့ တည်ရှိမှုဟာ Online‌ ပေါ်မှာ ပေါ်ထွက်လာပါတယ်။

Twitter အသုံးပြုသူ @TechytMr ဟာ Mi Note 10 ရဲ့ retail box ရဲ့ ပုံကို Shared ထားပြီး ဖုန်းရှိတယ်ဆိုတာ လက်ခံလာဖို့ အထောက်အကူပြုနေပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ Retail Box မှာ ဖုန်းရဲ့ အချက်အလက်တွေကို ဖော်ပြလာခြင်းမရှိပါဘူး။

Mi Note 10 အပြင် Xiaomi ဟာ Mi CC9 Pro ကိုပါ ဒီအကုန်မှာ မိတ်ဆက်လာဖို့ရှိတယ်လို့ သိထားရပါတယ်။ Mi CC9 Pro မှာ108MP sensor လို စိတ်၀င်စားဖို့ကောင်းတဲ့ Camera Features တွေကို အသုံးပြုလာနိုင်ပါတယ်။

Chinese blogger နဲ့ leaker ဖြစ်တဲ့ @Digital ရဲ့ Weibo မှာတင်ထားတဲ့ Post အရ Xiaomi ရဲ့ နောက်လာမယ့် ဖုန်းဟာ ဈေးနည်းလာဖို့မရှိဘဲ ကုမ္ပဏီရဲ့ ထုံးစံ Price-performance ratio လမ်းစဉ်ကို မလိုက်ဘူးလို့သိရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေကိုရိုက်ရတာကြိုက်တဲ့သူတွေ စမ်းကြည့်နိုင်တယ်လို့ @Digital ကဆိုထားပြန်ပါတယ်။ @Digital အနေနဲ့ အဲ့ဖုန်းရဲ့ နာမည်ကိုဖော်ပြထားခြင်းမရှိသော်လည်း သူဟာ Mi Note 10 ထက် Mi CC9 Pro အကြောင်းကိုပြော‌နေနိုင်ပါတယ်။အကြောင်းက Mi CC9 Series ဟာ Camera ချစ်သူတွေကို ပစ်မှတ်ထားလို့ပါ။

Ref: Gizmochina