fbpx

This is digital planet.

Tech NewsXiaomi

Xiaomi Mi Power Bank 3 50W ကို တရုတ်မှာ 299 Yuan ($42) မြန်မာငွေ ၆ သောင်းခွဲ၀န်းကျင်နဲ့ တရား၀င် စတင်ရောင်းချ

September 24 တုန်းက တရုတ်မှာ ကျင်းပခဲ့တဲ့ ပွဲတစ်ခုမှာ Xiaomi အနေနဲ့ Mi 9 Pro 5G နဲ့ Mi MIX Alpha အပြင် တစ်ခြားသော ပစ္စည်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ပစ္စည်းတွေထဲမှာ 50W Super Flash fast charging ကို‌ထောက်ပံ့ ထားတဲ့ Mi Power Bank 3 ပါ၀င်ပါတယ်။ အခု Xiaomi ကတော့ Mi Power Bank 3 50W Super Flash ကို တရုတ်မှာ 299 Yuan ($42) မြန်မာငွေ ၆ သောင်းခွဲ၀န်းကျင်နဲ့ တရားဝင် စတင်‌‌ ‌ရောင်းချနေပါပြီ။

Xiaomi Mi Power Bank 3 50W Flash Charge Version

အခု Power Bank အသစ်ဟာ Mi Power Bank 3 နဲ့ ပုံပန်းသွင်ပြင်ဆင်တူနေပြီး တစ်ခုတည်းသော ကွာခြားချက်ကတော့ Mi Power Bank 3 50W ဟာ နာမည်အတိုင်းပဲ 50W fast charging technology ကို ထောက်ပံ့ပေးလာမှာပါ။ Power bank မှာ 20,000mAh capacity ပါ၀င်ပြီး အရွယ်အစား ၊ ပမာဏ ၊ ထုထည် 153.5 × 73.5 × 27.5 mm နဲ့အတူ ကြီးမားတဲ့အရွယ်အစား ရှိပါတယ်။ Power Bank ဟာ အသုံးများတဲ့ Digital ပစ္စည်းတွေနဲ့ သင့်တော်ပြီး Devices သုံးမျိုးကို တစ်ချိန်တည်း အားဖြည့်ပေး‌နိုင်တယ်လို့ ကုမ္ပဏီကဆိုထားပါတယ်။

သူ့မှာ USB-A ports နှစ်ခု နဲ့ USB-C port တစ်ခုပါ၀င်ထားပြီး Power Bank ကိုအားပြန်ဖြည့်ဖို့ နောက်ထပ် သီးခြား USB-C port တစ်ခုပါ၀င်ထားပါတယ်။ USB Type-C port ပါ၀င်တာကြောင့် ဖုန်းတွေအပြင် MacBook ၊ Nintendo Switch နဲ့ တစ်ခြား ပစ္စည်းတွေကိုပါ အားဖြည့်ပေးနိုင်မှာပါ။

Image result for Mi Power Bank 3 50W

50W fast charging ကိုထောက်ပံ့ပေးထားတဲ့အတွက် 40W fast charging ထောက်ပံ့ပေးထားတဲ့ Mi 9 Pro လို Xiaomi ရဲ့ Flagship ဖုန်းကို 48 minutes အတွင်း အားအပြည့် ဖြည့်ပေးနိုင်မှာပါ။ Redmi Note 8 Pro ကို အားအပြည့် 2.8 အကြိမ်နဲ့ Redmi K20 Pro ကိုအားအပြည့် 3.5 ကြိမ် အားဖြည့်ပေးနိုင်တယ်လို့ Xiaomi ကအတည်ပြုထားပါတယ်။

အခု Mi Power Bank 3 50W Fast Charge version ကို တရုတ်မှာသာ ၀ယ်လို့ရသေးပါတယ်။ လက်ရှိမှာ Power Bank ကို တစ်ခြားဈေးကွက်မှာ ရောင်းချဖို့ ဘာသတင်းမှ မသိရသေးပါဘူး။

Ref: Gizmochina