fbpx

This is digital planet.

Tech NewsXiaomi

ToF Camera Sensor တွေအကြောင်း

Time of Flight (ToF) Sensor တွေဟာ နောက်ပိုင်းကာလတွေမှာ Smartphone တွေပေါ်မှာရေပန်းစားလာတဲ့ Camera Sensor တွေ ဖြစ်လာကြတယ်။ Huawei Mate30 Pro တို့ Galaxy Note10 Plus စတဲ့ Smartphone တွေမှာ ToF Sensor ကို အသုံးပြုထားတာကို သတိထားမိမယ်ထင်ပါတယ်။ နည်းပညာနယ်ပယ်မှာတော့ ToF Sensor တွေကို အနာဂတ်အတွက် Camera ပိုင်းဆိုင်ရာနည်းပညာအဖြစ် သတ်မှတ်သူတွေရှိသလို Customer တွေရဲ့ Attention ကို ရှာယူတဲ့ Gimmick Feature လို့ ခံယူထားသူတွေလည်း ရှိနေပြန်ပါတယ်။

Related image

ဒါကလည်း ToF Sensor ကို အသုံးပြုတဲ့ Company နဲ့ အများကြီးသက်ဆိုင်နေပါတယ်။ ဥပမာ Oppo R17 Pro လို ToF အတွက် Software Support မပေးနိုင်တဲ့ဖုန်းတစ်လုံးမှာ ဒီ Sensor ဟာ သာမန် Depth Sensor တစ်ခုထက် မပိုပေမယ့် Honor View 20 လိုဖုန်းမျိုးမှာကျတော့ 3D Gaming, ခန္ဓာကိုယ်ရဲ့ 3D Data ကိုဖမ်းယူပြီး AI အကူအညီနဲ့ Calorie တိုင်းတာ၊ 3D Object တွေဖန်တီးတာ စတာတွေကို လုပ်ဆောင်နိုင်နေပြန်ပါတယ်။ (ဒါပေမယ့်လည်း ဒီ Feature တွေက အသစ်အဆန်းနှစ်သက်သူတွေကို ခဏတာ စိတ်ဝင်စားစေတာကလွဲရင် ရေရှည်မှာ ပုံမှန်သုံးဖြစ်မယ့် Feature တွေလို့ မဆိုလိုနိုင်ပြန်ပါဘူး)

Xiaomi ရဲ့ Product Director Mr.Wang Teng Thomas ကတော့ ToF Sensor တွေရဲအကောင်းအဆိုး၊ အကျိုးအပြစ်တွေကို ခုလိုရှင်းပြထားပါတယ်။ ကောင်းတဲ့အချက်အနေနဲ့ ToF Sensor တွေဟာ Object နဲ့ Camera ရဲ့ အကွာအဝေး (Depth Information) ကို 5m အကွာအဝေးထိ ကောင်းကောင်းဖမ်းယူနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သာမန် Depth Sensor တွေနဲ့ယှဉ်ရင် ပိုဝေးတဲ့အကွာအဝေးမှာ ပိုတိကျတဲ့ Depth Info ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ပြီးတော့ ToF Sensor တွေဟာ အလင်းအားနည်းတဲ့နေရာတွေမှာ သာမန် Depth Sensor တွေထက် ပိုပြီးကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။

ဒါပေမယ့် အားနည်းချက်တွေအနေနဲ့ လက်ရှိ Smartphone ဈေးကွက်က ToF Sensor တွေ Support လုပ်နိုင်တဲ့ Resolution ဟာ အတော်နည်းပါးနေပါသေးတယ်။ ပြီးတော့ ဒီ Sensor တွေရဲ့ စွမ်းအင်အသုံးပြုမှုပမာဏဟာ အရမ်းများတဲ့အတွက် ရေရှည်သုံးရင် Heat တက်တာ၊ Battery အကုန်မြန်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ဆုံးတစ်ချက်က သူ့အတွက် Software Support ပါ။ ဒီနည်းပညာဟာ Smartphone ပေါ်မှာ ခုမှ အစပျိုးရုံပဲရှိသေးတာမို့ အကျိုးရှိရှိနဲ့ လက်တွေ့အသုံးချနိုင်မှုမှာ လိုအပ်ချက်တွေအများကြီးရှိနေဦးမယ်လို့ ရှင်းပြထားပါတယ်။ ဒါပေမဲ့လည်း 2019 ထုတ် Flagship ဖုန်းတွေမှာ ကောင်းကောင်းမွန်မွန်အသုံးချပြီး ပိုကောင်းတဲ့ Depth of field ပုံတွေကို ထုတ်ပေးနိုင်လာတာကိုတွေ့ရပါတယ်။

ဒါ့အပြင် Xiaomi အနေနဲ့လည်း Mi Mix 3 မှာကတည်းက ToF Sensor ကို ထည့်သွင်းအသုံးပြုဖို့ ကြိုးစားခဲ့သေးတယ်ဆိုတာ အပေါ်က Mi Mix 3 Prototype ပုံကနေ သက်သေထူနေပါတယ်။ အပေါ်မှာပြောခဲ့တဲ့ ToF Sensor တွေရဲ့အားနည်းချက်တွေကြောင့်သာ Final Unit မှာ ဖြုတ်ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Mr.Thomas အနေနဲ့လည်း ခုချိန်ထိထင်သလောက်အသုံးမဝင်သေးတဲ့ ဒီနည်းပညာကို အနာဂတ်ကာလတွေမှာ User တွေအတွက် ပိုပြီးအကျိုးရှိအောင်ဖန်တီးနိုင်ဖို့ မျှော်လင့်ထားပုံရပါတယ်။ ဒီတော့ 2020 မှာလည်း ToF Sensor နည်းပညာဟာ ဘယ်လောက် Level အထိ အဆင့်မြင့်မားလာမလဲဆိုတာကိုတော့ Smartphone ပြိုင်ပွဲစင်မြင့်ထက်မှာ ဆက်ပြီး ရှုစားအားပေးကြရဦးမှာပါ။

Source