This is digital planet.

SonyTech News

ကင်မရာ နမူနာနဲ့ ရောင်းချမယ့် စျေးနှုန်းသိရပြီဖြစ်တဲ့ Xperia 10 II

မိတ်ဆက်သွားတဲ့ အချိန်တုန်းက Secondary အနေနဲ့ ကိုင်သုံးမယ်လို့ စိတ်ကူးယဥ်ခဲ့ရတဲ့ Sony ဖုန်းလေး၊ ဒီကြားထဲမှာ iPhone SE (2020) နဲ့ Pixel 4a သတင်း မွှေးပျံ့နေခဲ့တယ်ဆိုမယ့် အသွင်မတူ မလိုလိုချင်အောင် ဆွဲဆောင်နေတဲ့ Xperia 10 II ရုပ်လုံး ပိုပီပြင်လာခဲ့ပါပြီ။

စာဖတ်သူတွေ အနေနဲ့လည်း Xperia 1 II နဲ့ 10 II ကို နှစ်သက်မယ် ထင်ပါ့။ ဒီသတင်းမှာတော့ Mid-ranger အကြောင်းလေး ပြောရင်း Specs ကစပြီး စားမြုပ်ပြန်ကြည့်တာပေါ့။

Xperia 1 II

Xperia 1 II (Image: Android Authority)

Sony အနေနဲ့ Compact ဖုန်းတန်းမှာ ပိုစွမ်းဆောင်နိုင်တယ် ဆိုတဲ့အထာတိုင်း 6” အရွယ် OLED မျက်နှာပြင်နဲ့ ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ဖန်တီးထားပါတယ်။

Xperia 10 II

နောက်ပြီးတော့ Industry Leading နည်းပညာဖြစ်တဲ့ CinemaWide 21:9 Aspect Ratio ကို ထည့်ပေးထားပြီး Competitor တွေနဲ့ ယှဥ်ကြည့်ရင် သွယ်သွယ်လေးနဲ့ ပိုကြည့်ကောင်းမှာပါ။

iPhone SE 2020

Image: Apple

Display ပိုင်းနဲ့ ပတ်သက်လို့ iPhone SE နဲ့ Pixel 4a တို့ထက် ပိုသာကောင်း ပိုသာနိုင်ပေမယ့် အများစု Processor ပိုင်းမှာ Expectation Level မရောက်ဘူးလို့ တွေးကြမှာပါ။

ဖော်ကြွားဖုန်း အနေနဲ့ ကိုင်ရအောင် သုံးထားတဲ့ SoC က Snapdragon 665 ၊ 4GB RAM ဖြစ်နေပေမယ့် စျေးနှုန်းနဲ့ ပြန်စဥ်းစားကြည့်ရင် မဆိုးပေဘူး။

Xperia 1 II

Image: Sony

သုံးပျော်တဲ့ အနေထားထက် ပိုပါတယ်။ တစ်ခုပဲ စိတ်ဝင်စားစရာ ဖြစ်စေမှာက 10 II ရဲ့ Triple Camera ပါ။ 1 II လို 12MP Trinity ကင်မရာ မသုံးထားပေမယ့် Primary ကို 12MP ၊ 8MP Ultra-wide နဲ့ 8MP Tele (2X) Lens တွေ သုံးထားပါတယ်။

ဒါကြောင့် Mid-range Counterpart ဖုန်းတွေနဲ့ ရင်ဘောင်တန်းနိုင်မယ့် Setup ဖြစ်နေတဲ့အတွက် အရည်သွေးက ဘယ်လို အနေထားရှိမလဲ? တနေ့က ပေါက်ကြားလာတဲ့ 10 II နမူနာကို မြင်သာအောင် ဖော်ပြလိုက်ပါတယ်။

Xperia 10 II

Wide

Xperia 10 II

Ultra-wide

Xperia 10 II

Tele

Outdoor Sample တွေ Highlights များတယ်လို့ ခံစားရသလို Auto နဲ့ Night Mode Comparison အနေထားမှာလည်း မကွာဘူးလို့ သတိထားမိမှာပါ။

Xperia 10 II

Auto vs Night Mode

Detail နဲ့ Noise Level ကိုတော့ မဆိုးဘူးလို့ ပြောနိုင်သလို 8MP Selfie အတွက် နမူနာ ရိုက်ထားပုံကို ကြည့်ပြီး ရှုစားကုန်လော့။

Xperia 10 II

Selfie

3,600 mAh Battery ပါဝင်လာမယ့် Xperia 10 II ဟာ သုံးစွဲထားတဲ့ SoC နဲ့ တွက်လိုက်ရင် အားအသုံးခံမယ့် အနေထားပါ။ မိတ်ဆက်ပွဲတုန်းက Mint Green (အလိုချင်ဆုံး) နဲ့ Berry Blue အရောင်တို့ ကြေညာခဲ့ပေမယ့် ဒေသအလိုက် ကွဲလွဲမှု ရှိမယ်ထင်ပါတယ်။

Xperia 10 II

Image: Sony Asia

ဘာလို့လဲဆိုတော့ Pre-order မှာယူနိုင်မယ့် ထုတ်ပြန်ချက်အရ အနောက်နိုင်ငံတွေမှာ အနက်နဲ့ အဖြူရောင် ၂ မျိုးပဲ ရွေးချယ်နိုင်မယ် ထင်ပါတယ်။

ထိုင်ဝမ်နိုင်ငံအတွက် ရောင်းချသွားမယ့် စျေးနှုန်းနဲ့လည်း မတူသလို မှာယူချင်သူတွေကတော့ Mint Green နဲ့ Berry Blue ရနိုင်မယ့် အခွင့်ရေး ရှိပါတယ်။

Xperia 10 II

Image: Sony Asia

နောက်ဆုံး အနေနဲ့ ဖော်ပြလိုတာက ရောင်းချမယ့် စျေးနှုန်းပါ။ ဥရောပမှာတော့ ယူရို ၃၆၉ ၊ UK (၃၂၀) ၊ ဒေါ်လာ ၄၀၀ နဲ့ ရောင်းမယ်လို့ Leak News အတိုင်း အတည်ပြုထားသလို ထိုင်ဝမ် Pricing အရ ဒေါ်လာ ၃၈၅ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

Camera Sample Photos credit to GSMArena & NotebookCheck

Source: GSMArena 12NotebookCheck