fbpx

This is digital planet.

Tech NewsYandex

Yandex က Smartphone ထုတ်ပါပြီ

The Google of Russia လို့ပြောကြတဲ့ Yandex ကိုသတိထားမိတာကြာပါပြီ။ Yandex ဟာ Google ရဲ့ Inspired တွေပါတဲ့ Russia Company တစ်ခုပါ။ ကျွန်တော် Yandex ကိုသတိထားမိတုန်းက သူက Google နဲ့အပြိုင် Yandex Search Engine ကိုစလုပ်တုန်းပဲရှိပါတယ်။ Yandex Search Engine လို့သာနာမည်ပေးထားတာ တစ်ကယ်က Google Theme, Google Design တွေတောင်ပါပါသေးတယ်။ တဖြည်းဖြည်းနဲ့ ကြာလာတော့ Yandex Browser ဆိုပြီးထုတ်ပါသေးတယ်။ အဲ့ဒါလည်းက Google Chrome ကို Mod လုပ်ထားတာနဲ့အတူတူပါပဲ။ နောက်ပိုင်းမှာ Yandex Mail, Picture စသဖြင့် တိုးတတ်လာပြီး ကိုယ်ပိုင် Design နဲ့ရပ်တည်နေတဲ့ Company ဖြစ်နေပါပြီ။

Phone ရဲ့ Specs တွေက Snapdragon 630 Chipset, RAM 4 GB, Storage 64 GB, Dual SIM, 5.65″ LCD with Full HD+ Resolution နဲ့လာမှာပါ။ ပြီးတော့ Yandex ရဲ့ ကိုယ်ပိုင် Assistant Alissa ကိုသုံးထားတယ်၊ Russian အသံနဲ့ပဲရမဲ့ပုံပါ။ Android 8.1 ကိုသုံးထားတယ်၊ Quick Charge 3.0 နဲ့ USB-C နဲ့ Battery 3050 mAh တို့ပါဝင်တယ်။ Camera ပိုင်းမှာဆိုရင် 12MP and 5MP (Rear) နဲ့ 5MP Front Camera ကိုတပ်ဆင်ပေးထားပါတယ်။ ဈေးနှုန်းပိုင်းမှာတော့ $270 ပဲကျသင့်မှာပါ။ ဒီဈေးနဲ့ တစ်ကယ်ကောင်းတဲ့ဖုန်းဟုတ်မဟုတ်ကတော့ စောင့်ကြည့်ရမှာပါ။ Yandex Store မှာ ဒီနေ့(6.12.2018) စပြီးဝယ်ယူလို့ရပါပြီ။