fbpx

This is digital planet.

realme

Snapdragon 730 ပါဝင်လာမဲ့ Realme X ကို Realme X Pro နဲ့ Realme X Lite တို့နဲ့အတူ လာမဲ့ ၁၅ ရက်နေ့ တရုတ်မှာ မိတ်ဆက်လာဖွယ်ရှိနေ

လာမဲ့ မေလ ၁၅ ရက်နေ့မှာမြင်တွေ့ရဖွယ် ရှိနေတဲ့ Realme X ကို YouTube Channel တစ်ခုဖြစ်တဲ့ Ben Gadget Reviews မှာ မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါ Channel ရဲ့ Video အပိုင်းအစလေး တစ်ခုမှာ Chuwi Aerobook ရဲ့ ဘယ်ဘက် နာရီဘေးနားမှာ Gradient Blue-blue color နဲ့ Realme Logo ပါ ဖုန်းတစ်လုံးကိုမြင်တွေ့ခဲ့ရပါတယ်။ ဒီဖုန်းဟာ ပုံမှန်ထွက်ရှိပြီးသား Realme ဖုန်းနဲ့မတူပဲ တမူထူးခြားတဲ့ Design ရှိတာကြောင့် ဒါဟာ Realme X ဖြစ်မယ်လို့ခန့်မှန်းတာတွေရှိနေပါတယ်။

ဒီဖုန်းရဲ့ကျောဘက် ဒီဇိုင်းကိုမြင်တွေ့ရသလောက်က Realme Logo နဲ့အတူ Dual-camera + LED flash ပါဝင်တာကိုမြင်တွေ့ရပြီး Fingerprint scanner ပါဝင်မလာပုံထောက်ရင် ဒီဖုန်းမှာ In-display fingerprint ကိုသုံးပေးလာဖို့ရှိနေပါတယ်။ ဒါအပြင် Pop-up Selfie camera ပါဝင်မယ်လို့ မကြာသေးခင်ကထွက်ရှိလာခဲ့တဲ့ Video teaser အရသိရပြီး Model number ဟာ RMX1901 ဖြစ်တယ်လို့ TENAA မှာဖော်ပြထားပါတယ်။

မကြာခင်က ထွက်ရှိခဲ့တဲ့ Realme X ရဲ့ Spec တွေအရ ဒီဖုန်းမှာ Snapdragon 730 SoC အသစ် နဲ့အတူ 6GB/8GB RAM တို့ ပါဝင်လာမယ်လို့သိရပါတယ်။ Display အနေနဲ့ 6.5-inch ရှိမယ်လို့သိရပြီး 3680 mAh ကို VOOC 3.0 fast charging နဲ့ထောက်ပံ့ပေးလာပါမယ်။ ကင်မရာပိုင်းအနေနဲ့ 48MP ( Primary sensor ) + 5MP ( Depth camera ) ဆိုပြီး ကျောဘက်မှာ ၂ လုံးတပ်ဆင်ပေးထားမယ်လို့သိရပြီး ရှေ့ဘက် ကင်မရာ ကိုတော့ မသိရသေးပါဘူး။

ဈေးနှုန်း ( ခန့်မှန်း ) အနေနဲ့ 6GB+64GB ကို ယွမ် ၁၅၉၉ ( ဒေါ်လာ ၂၃၇ / မြန်မာငွေ ၃ သိန်း ၆ သောင်းဝန်းကျင် ) ၊ 6GB RAM + 128GB ကို ယွမ် ၁၇၉၉ ( ဒေါ်လာ ၂၆၇ / မြန်မာငွေ ၄ သိန်းဝန်းကျင် ) ၊ Top-end 8GB + 128GB ကို ယွမ် ၁၇၉၉ ( ဒေါ်လာ ၂၉၆ / မြန်မာငွေ ၄ သိန်းခွဲ နီးပါး ) ကျသင့်လာဖွယ်ရှိနေပါတယ်။ အတည်ပြုလို့မရတဲ့ သတင်းတွေအရ Realme အနေနဲ့ Snapdragon 855 နဲ့ ကင်မရာ ၃ လုံးပါဝင်တဲ့ Realme X Pro ကိုလည်း Realme X နဲ့ Realme X Lite ( Realme 3 Pro ) တို့နဲ့ အတူ မေလ ၁၅ ရက်နေ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မိတ်ဆက်ပေးမယ်လိုသတင်းတွေ့ထွက်ပေါ်နေပါတယ်။

Ref: Gizmochina / Gadget

Photo Credit: Internet